DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ယနေ့ နံနက် အပြစ်မဲ့ ပြည်သူ ၁၄ ဦး အဖမ်းခံရ
DVB
·
April 23, 2021
မန္တလေးတွင် ယနေ့ နံနက် အပြစ်မဲ့ ပြည်သူ ၁၄ ဦး အဖမ်းခံရ
Donate to DVB

ဧပြီလ ၂၃ ရက် မနက်အစောပိုင်း ၃ နာရီဝန်းကျင်က ချမ်းမြသာစည် (ဃ/၄) ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေကို အကြမ်းဖက်ချိုးဖျက်ပြီး လူငယ်အမျိုးသား ၆ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ 

အဖမ်းခံရသူတွေဟာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေ မဟုတ်ဘူးလို့ အဖမ်းခံရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။ 

ဒီကနေ့ မနက်ပိုင်း ၉ နာရီကျော်ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေး မြရည်နန္ဒာအိမ်ရာကို ဝင်ရောက်စီးနင်းပြီး သားအမိ ၂ ယောက် အပါအဝင် ပြည်သူ ၆ ယောက်ကို ဖမ်းဆီးသွားခဲ့တာပါ။ 

ဒါ့အပြင် မနက် ၁၀ နာရီကျော် အချိန်က မန္တလေး ၆၂ လမ်းနဲ့ ၁၈ လမ်းမှာလည်း ဆိုင်ကယ်တွေကို စစ်ဆေးရင်း ဆယ်ကျော်သက်အရွယ် လူငယ် ၂ ယောက်ကို ရိုက်နှက်ပြီး Probox ကားနောက်ဖုံးထဲ ထည့်ခေါ်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ 

မန္တလေးမြို့မှာ ဒီကနေ့ မနက်ပိုင်းအတွင်း DVB က သတင်းရရှိသလောက် အပြစ်မဲ့ ပြည်သူ ၁၄ ယောက် အဖမ်းခံထာရပြီဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြရည်နန္ဒာအိမ်ရာကိုလည်း နေ့စဉ်လိုလို ဝင်ရောက် ရှာဖွေနေပြီး ဧပြီလ ၂၂ ရက်နေ့ကလည်း အမျိုးသမီး ၂ ယောက် အပါအဝင် လူငယ် ၄ ယောက်ကို ဖမ်းဆီးခဲ့ပါသေးတယ်။

Photo - CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013