DVB Logo
Home
မြန်မာသတင်း
NUG အစိုးရအဖွဲ့ဝင်များကို အကြမ်းဖက်စစ်အုပ်စုက အမှုဖွင့်တရားစွဲ
DVB
·
April 23, 2021
NUG အစိုးရအဖွဲ့ဝင်များကို အကြမ်းဖက်စစ်အုပ်စုက အမှုဖွင့်တရားစွဲ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာပါဝင်တဲ့အစိုးရအဖွဲ့ဝင်တွေ၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ အစိုးရဖွဲ့စည်းရာမှာ ပါဝင်ဆောင်ရွက်သူ စုစုပေါင်း  ၂၆ ယောက်ကို သက်ဆိုင်ရာတရားရုံးတွေနဲ့  ရဲစခန်းအသီးသီးမှာ တရားစွဲဆို၊ အမှုဖွင့်အရေးယူနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မီဒီယာတွေကနေ ဧပြီ ၂၂ ရက်ညမှာ သတင်းထုတ်ပါတယ်။  

အမှုဖွင့်ခံရတဲ့ပုဂ္ဂိုလ် ၂၆ ယောက်အထဲမှာ   ဒုသမ္မတ ဒူဝါလရှီးလ၊  ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါ်ဇင်မာအောင်၊ ဦးလွင်ကိုလတ်၊  ဦးရည်မွန်၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဦးတင်ထွန်းနိုင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဒေါက်တာ ဆာဆာ၊ ဒေါက်တာ ဇော်ဝေစိုး၊ ဒေါက်တာ တူးခေါင်၊ နော်ဆူဇန်နာလှလှစိုးတို့ပါဝင်ပါတယ်။

ဒါအပြင် ပြည်ထောင်စုဒုဝန်ကြီးတွေဖြစ်တဲ့ ဦးမိုးဇော်ဦး၊ ခူထဲဘူး၊ ဒေါ်ခင်မမမျိုး၊ နိုင်ကောင်းရွက်၊ ဦးချစ်ထွန်း၊ မိုင်းဝင်းထူး၊ မင်းဇေယျာဦး၊ နော်ထူးဖော၊ ဂျာထွယ်ပန်၊ ဒေါက်တာ ရွှေပုံ၊ ခွန်းဘီထူးနဲ့ ဒေါ်အိသဉ္စာမောင်တို့အပြင် အစိုးဖွဲ့ရာမှာ ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့  ဦးအောင်ကြည်ညွန့်နဲ့ ဒေါက်တာ ဝေဖြိုးအောင်တို့ကိုလည်း အမှုဖွင့်တရားစွဲထားတယ်လို့ ဆိုပါတယ်။

NUG အစိုးရဖွဲ့စည်းတာဟာ စစ်ကောင်စီကို ဖြိုဖျက်ဖို့ အားထုတ်ရာ ရောက်တဲ့အတွက် ပါဝင်ဆောင်ရွက်သူတွေဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ရာရောက်လို့ ရာဇသတ်ကြီးပုဒ်မ ၁၂၂ အရ လည်းကောင်း၊ မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇(၁) အရလည်းကောင်း ပြစ်မှုကျူးလွန်ရာ ရောက်တယ်လို့လည်း စစ်ကောင်စီကဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့လုပ်ပိုင်ခွင့် အာဏာအပြည့်အဝ အပ်နှင်းချက်အရ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကို ဖွဲ့စည်းခဲ့ပါတယ်။ ဧပြီလ ၁၆ ရက်နေ့မှာတော့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရအဖွဲ့ဝင် ၁၅ ဦးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့ စည်းပြီး ဒုတိယဝန်ကြီး ၁၂ ဦးကိုလည်း တရားဝင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးတစ်ရပ်ထံကနေ နိုင်ငံတော် အာဏာကို လက်နက်အားကိုးနဲ့ မတရားရယူခဲ့တဲ့ စစ်ကောင်စီကို  တရားမဝင်အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်   (CRPH)ကကြေညာထားသလို အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လည်း ဖမ်းဆီးပေးဖို့  နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့ (အင်တာပို) ထံ အကြောင်းကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013