DVB Logo
Home
မြန်မာသတင်း
သေနတ်ပစ်ခံရသည့် သတင်းထောက် ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် SMJN တောင်းဆို
DVB
·
April 22, 2021
သေနတ်ပစ်ခံရသည့် သတင်းထောက် ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် SMJN တောင်းဆို
Donate to DVB

သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံရပြီး အမှုဖွင့်ခံထားရတဲ့  သတင်းထောက် ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် SMJN က ဧပြီ ၂၂ ရက်နေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် Dakkhina Insight သတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းဟာ ဧပြီ ၂၁ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ သတင်းရယူစဉ် သေနတ်ပစ်ခတ်ခံရပြီး ဦးခေါင် ကျည်ရှပ်ထိမှန် ဒဏ်ရာရကာ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရပြီးနောက် သတင်းထောက် ကိုနိုင်လင်းထွန်းရဲ့ Laptop နဲ့ ဖုန်းတို့ကို သိမ်းဆည်းသွားတဲ့အပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူထားတာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဓာတ်ပုံရိုက်ကူးသတင်းယူနေသော The Voice of Thanbyuzayat သတင်းအေဂျင်စီရဲ့ သတင်းထောက် ကိုထက်မြတ်သူဟာ သေနတ်ပစ်ခတ်ခံရပြီး ခြေထောက် ထုတ်ချင်းပေါက် ဒဏ်ရာရရှိခဲ့ကာ ဖမ်းဆီးရိုက်နှပ် နှိပ်စက်ခံခဲ့ရပါတယ်လို့ ဆိုပါတယ်။

ခြေထောက်ထုတ်ချင်းပေါက် ဒဏ်ရာရရှိခဲ့တဲ့ သတင်းထောက်  ကိုထက်မြတ်သူကို လက်ရှိ သထုံမြို့မရဲစခန်းမှာ ချုပ်နှောင်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ သတင်းရယူနေတဲ့ သတင်းသမားတွေကို ပစ်ခတ်ဖမ်းဆီးပြီး အမှုဖွင့်အရေးယူနေတာဟာ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် တာဝန်ရှိသူက DVB ကို ပြောပါတယ်။

မြန်မာနိုင်ငံတည်ဆဲဥ‌ပဒေ တစ်ခုဖြစ်တဲ့ သတင်းမီဒီယာဉပ‌ဒေ အခန်း (၃) ၊ ပုဒ်မ (၇) (ခ) အရ လုံခွုံရေးအဖွဲ့အစည်းဟာ စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်းနဲ့ အများပြည်သူ ဆန္ဒပြနေရာမှာ သတင်းရယူနေတဲ့ သတင်းထောက်တွေကို ကာကွယ်စောင့်ရှောက်မှု ပေးရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013