DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၈၉ တပ်စခန်းကို ကေအိုင်အေသိမ်းပိုက်
DVB
·
April 20, 2021
အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၈၉ တပ်စခန်းကို ကေအိုင်အေသိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ  အာဏာသိမ်းစစ်ကောင်စီရဲ့  ခမရ ၃၈၉ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့  ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဘက်က အတည်ပြုပြောပါတယ်။

ဆဒုံးတိုက်နယ် လဂါတ်တောင်ကုန်းပေါ်ရှိ ခမရ ၃၈၉ တပ်စခန်းကို ကေအိုင်အေက ဧပြီ ၁၉ ရက်နေ့ နေ့လည်၁၂နာရီ လောက်မှာ တိုက်ခိုက်ချေမှုန်းခဲ့ပြီး ထိခိုက် ကျဆုံးမှု အခြေအနေကိုတော့ ကေအိုင်အေဘက်က မထုတ်ပြန်သေးပါဘူး။

မိုးမောက်မြို့နယ် စီဟက်ရွာဘက်မှာလည်း ဧပြီ ၁၉ ရက် ညနေ  ၅ နာရီလောက်ကနေ စတင်ပြီး  ကေအိုင်အေနဲ့ ခမရ ၃၂၀ စစ်ကောင်စီတပ်တွေ တောင်ကုန်းတောင်အောက် လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် တစ်နာရီလောက် ပစ်ခတ်ခဲ့ကြသလို အနီးကပ် တိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။  

တိုက်ပွဲဖြစ်ပွားတဲ့ အနီးနားက ကျေးရွာတွေမှာတော့ ရွာသားတွေ စစ်ရှောင်နေကြပြီး လူသူ မရှိတော့ သလောက်ဖြစ်နေပါတယ်။

ကချင်ပြည်နယ်အတွင်း နေ့စဉ်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား‌နေတဲ့  အခြေအနေကို အာဏာသိမ်း စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ထုတ်လွှင့်ခြင်းမရှိဘဲ သတင်းအမှောင်ချထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013