DVB Logo
Home
မြန်မာသတင်း
ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးရန် ဂျပန်အစိုးရတောင်းဆို
DVB
·
April 20, 2021
ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးရန် ဂျပန်အစိုးရတောင်းဆို
Donate to DVB

ရန်ကုန်မှာ တနင်္ဂနွေညက ဖမ်းဆီးခံရတဲ့ ဂျပန်သတင်းထောက် မစ္စတာ Kitazumi Yuki ကို ချက်ခြင်းလွတ်ပေးဖို့ ဂျပန်အစိုးရက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို ဒီနေ့  တောင်းဆိုလိုက်ပါတယ်။

ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် မစ္စတာ ခတို ခစုနိုဘုက မစ္စတာ Kitazumi Yuki  အင်းစိန်ထောင်မှာရှိနေပြီး ထိခိုက်ဒဏ်ရာ မရှိကြောင်းကို အတည်ပြုပြောဆိုခဲ့ပြီး သူ့အပေါ် စွပ်စွဲမှုတွေ ဥပဒေအရအတည်မပြုနိုင်ခင် အင်းစိန်ထောင်အတွင်း ခေါ်ဆောင်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

ရန်ကုန်ရှိ မြန်မာသံရုံးမှတဆင့် သံတမန်နည်းနဲ့ သူနဲ့ အမြန်ဆုံးတွေ့ခွင့်ရဖို့လည်း တောင်းဆို ထားကြောင်းလည်း ဒီနေ့ ဧပြီလ ၂၀ ရက်နေ့ တိုကျိုမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မစ္စတာ Kitazumi Yuki ကို ဧပြီ ၁၇ ရက်က စစ်ကောင်စီအကြမ်းဖက်တပ်တွေ ပုဇွန်တောင် ရေကျော်ရှိ  သူရဲ့ နေအိမ်မှာ ည ၇ နာရီ၄၅မိနစ် လောက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးစဉ်မှာ အကြမ်းဖက်တပ်တွေက သေနတ်နဲ့တေ့ လက်မြှောက်ခိုင်းပြီး ကားထဲခေါ်သွားတာဖြစ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

မစ္စတာ Kitazumi Yuki  စစ်အာဏာသိမ်းကာစ ဖေဖေါ်ဝါရီလ နှောင်းပိုင်းမှာ စမ်းချောင်းမှာ ဆန္ဒပြပွဲကို သတင်းယူရင်းနဲ့  ဖမ်းဆီးခံခဲ့ရပြီး နေ့ချင်းပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

သူဟာ မြန်မာပြည်သူတွေရဲ့ အသံတွေကိုကြားမြင်နေရပြီး မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ရှိနေတာကြောင့် မြန်မာနိုင်ငံသားတွေနဲ့ နှလုံးသားနီးစပ်သူဖြစ်တယ်လို့ လည်းသူနဲ့ ရင်းနှီးသူ တိုကျိုအခြေစိုက်သတင်းစာတိုက်မှ သတင်းထောက်တဦးက ဒီဗွီဘီကိုပြောပြပါတယ်။

မစ္စတာ Yuki Kitazumi ဟာ အရင်က Nikkei business daily သတင်းထောက်ဟောင်း ဖြစ်ပြီး အခုချိန်မှာတော့ ရန်ကုန်မှာ မီဒီယာ ထုတ်လုပ်ရေးကို တည်ထောင်ထားကာ မြန်မာနိုင်ငံမှာနေထိုင်နေတာ ၆ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။

ဂျပန်သတင်းထောက်များကလပ်ကလည်း  ဒီနေ့ တိုကျိုမှာသတင်းစာရှင်းပွဲတခု ပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မစ္စတာYuki Kitazumi ကိုအမြန်ဆုံးပြန်လွှတ်ဖို့နဲ့ မြန်မာနိုင်ငံတွင်း စစ်ကောင်စီရဲ့ ပြည်သူအပေါ် မတရားသတ်ဖြတ်နှိပ်စက်နေတာတွေကို သတင်းအမှောင်ချဖို့ မကြိုးစားသင့်ဖို့  တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဂျပန်လူမျိုး ၇၀၀ လောက် ရောက်ရှိနေထိုင်နေတယ်လို့ ကြားသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013