DVB Logo
Home
မြန်မာသတင်း
ဟစ်ဟော့ပ်အဆိုတော် J Fire အပါအဝင် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့်ထပ်မံအမှုဖွင့်
DVB
·
April 19, 2021
ဟစ်ဟော့ပ်အဆိုတော် J Fire အပါအဝင်        အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့်ထပ်မံအမှုဖွင့်
Donate to DVB

ဟစ်ဟော့ပ်အဆိုတော် J Fire အပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၉ ရက်မှာ ကြေညာပါတယ်။

အမှုဖွင့်ခံထားရသူတွေအထဲမှာ အောင်ကိုငြိမ်း ( J Fire) ၊ ဉာဏ်မျိုးအောင်(BoNma)၊ လပြည့်မောင်မောင်၊ ရည်မွန်ထွန်း၊ ဇော်ဝင်း၊ ဟိန်းဇော်ညို၊ ရဲမင်းသိန်း၊ မြတ်နိုးအောင်၊ ဖုန်းဟိန်းခန့်၊ လှစိုးဝေ၊ မနီရာဇာမင်း၊ ကိုအောင်၊ ကျော်မင်းထွန်း၊ လပြည့်ဝင်း၊ ထွန်းမြတ်ညွန့်၊ ခန့်စည်သူ (ခန့်သူ)၊ ပိုးလေး၊ ဌေးနိုင်၊ ဟန်နီဦးနဲ့ နီလာစိန်တို့ ပါဝင်ပါတယ်။

အဆိုပါ ပုဂ္ဂိုလ်တွေဟာ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့ လှုံ့ဆော်တာ၊ CRPHကိုထောက်ခံတာ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေဖို့  အများပြည်သူအထိတ်တလန့်ဖြစ်စေဖို့ သွေးထိုးလှုံ့ဆော်တာတွေကို လူမှုကွန်ရက် စာမျက်နှာမှာ  ဖော်ပြ ဖြန့်ဝေခဲ့တယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၂၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။

Photo- Credit - J Fire

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013