DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းရေး NUG ကာကွယ်ရေးဝန်ဌာနဆွေးနွေး
DVB
·
April 19, 2021
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းရေး NUG ကာကွယ်ရေးဝန်ဌာနဆွေးနွေး
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပထမဆုံးအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၉  ရက် တနင်္ဂနွေနေ့မနက်က ကျင်းပခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနဖွဲ့စည်းပုံနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဖွဲ့စည်း တည်ဆောက်ရေးကိစ္စတွေကို ဆွေးနွေးဆုံး ဖြတ်ခဲ့ကြပါတယ်။

လတ်တလော ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပတ်သတ်တဲ့ ညှိနှိုင်းအစည်းအဝေးတွေ လုပ်ဆောင်နေပြီး အသေးစိတ်ကို ထုတ်ပြန်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ခင်မမမျိုးက ဒီဗွီဘီကို ပြောပါတယ်။

ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ဒီအစည်းအဝေးကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ဒုဝန်ကြီး ဒေါ်ခင်မမမျိုး၊ ဒုဝန်ကြီး နိုင်ကောင်းရွက်နဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။

အလားတူ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ ပထမအကြိမ်အစည်းအဝေးကို ဧပြီ ၁၈  ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ အမျိုးသမီးတွေ၊ လူငယ်နဲ့ကလေးသူငယ်တွေရဲ့ လက်တလော လိုအပ်ချက်တွေဆွေးနွေးခဲ့ပြီး အခြေခံမူဝါဒတွေချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကိုခံစားခဲ့ရတဲ့ ရိုဟင်ဂျာလူနည်းစုတွေအရေးအပါအဝင် အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ကလေးသူငယ်တွေအပေါ် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့နဲ့ နွေဦးတော်လှန်ရေးမှာ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေကြတဲ့ လူငယ်ထုရဲ့ လိုအပ်ချက်တွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကိုတက်လှမ်းရာမှာ အရေးပါတဲ့ ပြည်သူလူထု အသီးသီးရဲ့အသံကို အစဉ်တစ်စိုက်နားစွင့်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013