DVB Logo
Home
မြန်မာသတင်း
ရန်ကင်းတွင် လူငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ အယောက် ၃၀ ခန့်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး
DVB
·
April 18, 2021
ရန်ကင်းတွင် လူငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ အယောက် ၃၀ ခန့်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး
Donate to DVB

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှာ ဧပြီ ၁၇ ရက် မနေ့ညသန်းခေါင်အချိန်ကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ကွက်ထဲက လူနေအိမ်တွေထဲအထိဝင်ရောက် ဧည့်စာရင်းစစ်ကာ ပြည်သူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။ 

ဒါ့အပြင် ဒီနေ့မနက် အစောပိုင်းကစပြီး အရပ်ဝတ် အိမ်စီးကားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  လက်နက်တွေ ကိုင်ဆောင်ကာ ပြည်သူတွေကို ဖမ်းဆီးနေပြီး အဖမ်းခံရသူတွေထဲမှာ လူငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ 

ဒီနေ့ နေ့လယ်အထိ အဖမ်းခံရသူ စုစုပေါင်း အယောက် ၃၀ ဝန်းကျင်ရှိပြီး အဖမ်းခံရသူတွကို ရန်ကင်းရဲစခန်းမှာ ရိုက်နှက်စစ်ဆေးနေတယ်လို့ အဖမ်းခံရတဲ့မိသားစုဝင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

ဧပြီလ ၁၇ ရက်နေ့က ရန်ကင်းမြို့နယ် အပါအဝင် မြို့နယ်တချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ရန်ကင်းမြို့နယ်မှာတော့ ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ခဲ့ကာ စစ်ကောင်စီအဖွဲ့ဝင် ၃ ယောက် ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013