DVB Logo
Home
မြန်မာသတင်း
ရန်ကင်း ၊ တောင်ဥက္ကလာနှင့် အရှေ့ဒဂုံမြို့မရဲစခန်းများ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
August 30, 2023
ရန်ကင်း ၊ တောင်ဥက္ကလာနှင့် အရှေ့ဒဂုံမြို့မရဲစခန်းများ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်းအတွင်းရှိ ရန်ကင်းမြို့မရဲစခန်း၊ တောင်ဥက္ကလာပမြို့မရဲစခန်းနဲ့ အရှေ့ဒဂုံ မြို့မရဲစခန်းတို့ သြဂုတ် ၂၉ ရက် မနေ့ည ၉ နာရီဝန်းကျင်က ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရန်ကင်းမြို့နယ် အမှတ် ၁၁ ရပ်ကွက် သစ္စာလမ်းမပေါ်ရှိ ရန်ကင်းမြို့မရဲစခန်းအနီးမှာ မနေ့ည ၉ နာရီဝန်းကျင်က ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“ရန်ကင်းကလေးဆေးရုံကို ဗုံးနဲ့ပစ်တယ်ဆိုပြီး အုပ်ချုပ်ရေးက သတင်းလွှင့်တာ။ အမှန်က ရဲစခန်း ဘယ်ရီဂိတ်မှာ ဗုံးပေါက်တာ။၊ ဗုံးကတစ်လုံးပြီးတော့ နောက်တစ်လုံးဆင့်ပြီးပေါက်တာ။ နှစ်ကြိမ်ပေါက်တာ။ ထိခိုက်မှု ရှိ၊ မရှိတော့ မသိဘူး။ ဧည့်စာရင်းကတော့စစ်တယ်။”

တောင်ဥက္ကလာပမြို့မရဲစခန်းဘေးမှာလည်း မနေ့ည ၉ နာရီကျော်က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သစ္စာလမ်းမကြီးကို ပိတ်ကာ အိမ်စီးကားတချို့နဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

အလားတူ  မနေ့ည ၉ နာရီခွဲကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၅၅ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမပေါ်မှာရှိတဲ့ မြို့မရဲစခန်းရှေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“ဗုံးပေါက်တဲ့အသံကတော့ အတော်ကျယ်တာ။ ညကတည်းက စခန်းရှေ့မှာ လုံခြုံရေးတွေ ချထားတယ်။ ဒီနေ့မနက်ဆို ဘက်ထရီစက်ဘီးတောင် အရှေ့ကနေ ဖြတ်သွားလို့မရတဲ့ အနေအထားဖြစ်သွားပြီ”လို့  ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ ရန်ကင်းမြို့မရဲစခန်း၊ တောင်ဥက္ကလာပမြို့မရဲစခန်းနဲ့ အရှေဒဂုံမြို့မရဲစခန်း အရှေ့တွေမှာ ဒီနေ့မနက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ချထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013