DVB Logo
Home
မြန်မာသတင်း
ရန်ကင်းမြို့နယ်တွင် ဗုံးပေါက်ကွဲ
DVB
·
March 31, 2024
ရန်ကင်းမြို့နယ်တွင် ဗုံးပေါက်ကွဲ
Donate to DVB

ရန်ကုန်၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဘူတာရုံလမ်းက The Yard Bar အနီး ကားရပ်နားရာနေရာမှာ မတ် ၃၀ ရက် ည ၇ နာရီ ၁၀ မိနစ်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးခဲ့ကြပြီး ဘောက်ထော်ဈေး အနီးကနေ မိုးကောင်းလမ်းမအထိ လမ်းပိတ်စစ်ဆေးခဲ့ကြပါတယ်။

ရန်ကင်းမြို့ခံတယောက်က “ ဘီယာဆိုင်ရှေ့မှာ ‌ကွဲတာ။ ရဲတွေ လာစစ်တာတော့ တွေ့တယ်။ အဲဒီဆိုင်တော့ ဆက်ဖွင့်ထားတယ်” လို့ ပြောပါတယ်။

ဗုံးဖောက်ခွဲခံလိုက်ရတဲ့ ကားပိုင်ရှင်ဟာ စစ်ကောင်စီခေါင်းဆောင်ရဲ့သားဖြစ်သူ ဦးအောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ Sky One Construction လုပ်ငန်းတွေကို အဓိက ကူညီနေတဲ့ ဦးနေဇော်မြင့် ဖြစ်တယ်လို့ သိရပြီး ဒီစစ်ဆင်ရေးကို Operation Flame (OF)က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Operation Flame (OF)တာဝန်ရှိသူက “ထိခိုက်မှုကတော့ ရှိတယ်။ သူ ဆိုင်ကအထွက် ကားပေါ်အတက်မှာ ချိန်ကိုက်ခွဲနိုင်ခဲ့တယ်။ အခု ပြန်ကြားတာက သူ့ကားတော့ ထိတယ်။ လူ အနေအထားကို သတင်းမရသေးဘူး” လို့ ပြောပါတယ်။

စစ်ဆင်ရေးပြီးဆုံးချိန်မှာ Operation Flame (OF) တော်လှန်ရေးအဖွဲ့သားတွေ အားလုံး ဘေးကင်းတယ်လို့ သိရပြီး အများပြည်သူကို အတင်းအဓမ္မ စစ်ကျွန်ပြုနေတဲ့ စစ်ကောင်စီတပ်နဲ့ အားပေးအားမြှောက် ဝိုင်းဝန်းလုပ်ဆောင်နေသူတွေ အားလုံးကို စစ်ရေးပစ်မှတ်‌တွေအဖြစ် သတ်မှတ် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ OF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ဓာတ်ပုံ - Operation Flame (OF)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013