DVB Logo
Home
မြန်မာသတင်း
NUG အစိုးရကို ပူးပေါင်းပါဝင်အားဖြည့်မည်ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ကြေညာ
DVB
·
April 18, 2021
NUG အစိုးရကို ပူးပေါင်းပါဝင်အားဖြည့်မည်ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ကြေညာ
Donate to DVB

အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို  ပူးပေါင်းပါဝင်အားဖြည့် ကူညီသွားမယ်လို့ မော်လမြိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေက ဧပြီ ၁၇ ရက်နေ့မှာ ကြေညာ ပါတယ်။

မော်လမြိုင် တက္ကသိုလ်‌အသီးသီးက ကျောင်းသားသမဂ္ဂတွေအနေနဲ့  အမျိုးသားညီညွတ်ရေး အစိုးရအသစ်ကို  အထူးကြိုဆိုတယ်တဲ့အပြင် ကျောင်းသားများသမဂ္ဂအနေနဲ့ အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အတူ သက်ဆိုင်ရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် အားဖြည့်ကူညီဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့လည်း  အရေးတော်ပုံအောင်နိုင်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့  တစ်နိုင်ငံလုံးက ကျောင်းသား၊ပြည်သူတို့ရဲ့ အသံကို နားစွင့်ပြီး ပူးပေါင်း‌အကောင်အထည်ဖော်ဖို့လည်း ကျောင်းသားတွေက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013