DVB Logo
Home
မြန်မာသတင်း
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတုယူဖွယ်စံပြဖြစ်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ သဝဏ်လွှာပို့
DVB
·
April 18, 2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတုယူဖွယ်စံပြဖြစ်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ သဝဏ်လွှာပို့
Donate to DVB

“ဝ”ပြည်နယ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအတွက်   အတုယူဖွယ် စံပြကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့က  သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ဧပြီ ၁၇ ရက်မှာကျရောက်တဲ့ “ဝ”အထူးဒေသ(၂)ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၂) ပြည့်အခမ်းအနားကို မြောက်ပိုင်းညီနောက်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA၊ နဲ့ ရက္ခိုင့်တပ်တော်  AAတို့ က ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပူးတွဲပေးပို့ရာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

“ဝ” ပြည်နယ်အတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံးဟာ “ဝ” တပ်မတော်ရဲ့ကာကွယ်မှုအောက် စိတ်ငြိမ်းချမ်းစွာနေထိုင်ကြပြီး “ဝ” ပြည်နယ်အစိုးရရဲ့ ပါတီရဲ့ ဦးဆောင်မှုအောက် ပြည်သူလူထု တစ်ရပ်လုံးနဲ့ တပ်မတော်သားတွေ စည်းလုံးညီညွတ်စွာနဲ့ ဒေသဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်ခဲ့ကြပြီး မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အတွက် အတုယူဖွယ် စံပြကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တည်ဆောက်နိုင်ခဲ့တယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိမှသာလျှင် ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်ပြီး ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်ဆိုတာကို ကမ္ဘာသိအောင်  ထုတ်ဖော်ပြသနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

လက်ရှိကာလဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံမတည်မငြိမ်ဖြစ်နေတာ ၃ လနီးပါးကြာမြင့်ပြီဖြစ်ပြီး ခုချိန်ထိလည်း မရပ်တန့်နိုင်သေးတာကြောင့် ၂၀၂၁ခုနှစ်မှာ သမိုင်းဝင်အပြောင်းအလဲဖြစ်ပေါ်နိုင်မယ့်နှစ်လို့ လည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။

“ဝ”ပြည်နယ်အနေနဲ့ အပစ်မရပ်သေးတဲ့  FPNCC အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်ပေးဖို့နဲ့ ဘုံရည်မှန်းချက်ကို ဖော်ဆောင်ပေးဖို့လည်း ညီနောင် ၃ ဖွဲ့က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013