Home
မြန်မာသတင်း
ကမာခုယဗုဒ္ဓရုပ်ပွါးတော်ဘုရားကြီးတွင် ဂျပန်ရောက်မြန်မာများ မြန်မာပြည်အတွက်ဆုတောင်း
ဇော်ဇော်လှိုင်
·
April 17, 2021
174590628_10225961729687829_6915159657296503792_n
174264083_10225961730167841_4846186615885454893_n
173980421_10225961728647803_2557623901376480161_n
173980421_10225961728647803_2557623901376480161_n (1)
173902522_10225961730727855_1999263530749725482_n
173365658_10225961729927835_8335234083054114511_n
172721744_10225961730967861_6670395100423461654_n
172213639_10225961728927810_3754370600192859682_n
171874420_10225961729247818_3641940733258867213_n

မြန်မာ့နှစ်ဆန်း ၁ ရက်နေ့ ဒီနေ့မနက်မှာ  ဂျပန်နိုင်ငံ ယိုကိုဟားမားအနီးက ကာမာခုယ Kamakura ဗုဒ္ဓရုပ်ပွါးတော်ဘုရားကြီးရှေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားလူငယ်တွေက မြန်မာနိုင်ငံ ဘေးကင်းဝေးစေဖို့ နှစ်သစ်မေတ္တာပို့ဆုတောင်း ပွဲပြုလုပ်ခဲ့ကြပါတယ်။

ဆုတောင်းပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မခင်သက်မွန်က “ဒီကမာခုယ ဘုရားကြီးက ဂျပန်မှာ ဆုတောင်းပြည့်တယ်လို့ ယုံကြည်ထင်ရှားပါတယ် အဲလိုယုံကြည်တာကြောင့် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကလည်း မနေ့ကဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရကို ကြိုဆိုထောက်ခံတယ်ဆိုတာရယ် အဲ့ဒီ NUG အစိုးရဝင်တွေရော မြန်မာပြည်သူတွေပါ ဘေးဘယာကင်းပြီး တိုးတက်အောင်မြင်ကြပါစေဆိုပြီး အခုလိုမြန်မာနှစ်သစ်ကူးမှာလာရောက် ဆုတောင်းတာပါ” လို့ ပြောတယ်။

ဆုတောင်းပွဲကို တိုကျိုမြို့ကသာမက ဆိုင်းတမ၊ ချီးဘာ စတဲ့ ခရိုင်တွေမှာ နေထိုင်ကြတဲ့ မြန်မာတွေလည်း လာရောက်ကြတာကိုတွေ့ရပါတယ်။

“ကျနော်တို့ ဒီနေ့နှစ်သစ်ကူးမှာ နွေဦးတော်လှန်းရေးအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်တွေအတွက် ရည်စူးပြီးအမျှဝေမေတ္တာ ဆုတောင်းပို့ကြသလို ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်စစ်အုပ်စုလည်း အမြန်ပြုတ်ကျစေဖို့ ဆုတောင်းခဲ့ပါတယ်” လို့ ဆုတောင်းပွဲပါဝင်သူ ကိုငြိမ်းချမ်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ရက်ကစလို့ အာဏာသိမ်းမြန်မာစစ်အုပ်စုကို ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက  ပုံစံမျိုးစုံနဲ့ နေ့စဉ်ကန့်ကွက်ရှုတ်ချ ဆန္ဒပြနေကြပါတယ်

ဇော်ဇော်လှိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024