DVB Logo
Home
မြန်မာသတင်း
အမျိုးသားညီညွတ်ရေးအစိုးရက ဝက်ဘ်ဆိုက်နှင့် ပြည်သူ့အသံ PVTV ရုပ်သံချန်နယ် အွန်လိုင်းမှ စလွှင့်
DVB
·
April 17, 2021
အမျိုးသားညီညွတ်ရေးအစိုးရက ဝက်ဘ်ဆိုက်နှင့် ပြည်သူ့အသံ PVTV ရုပ်သံချန်နယ် အွန်လိုင်းမှ စလွှင့်
Donate to DVB

အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ  တရားဝင် အင်တာနက်စာမျက်နှာဝက်ဘ်ဆိုက်၊ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ပြည်သူ့အသံ PVTV ရုပ်မြင်သံကြားချန်နယ်တွေ  အွန်လိုင်းကနေ စတင်လွှင့်တင်လိုက်ပါတယ်။

တရားဝင် ဝက်ဘ်ဆိုက်  www.nugmyanmar.org  ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့  ထုတ်လွှင့်ထားတာဖြစ်ပြီး အင်တာနက်ဝက်ဆိုက် မျက်နှာစာမှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ရဲ့ ရုပ်ပုံတွေ ဖော်ပြထားပါတယ်။

ဒါ့အပြင် အသစ်ခန့်ထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဒုတိယ ဝန်ကြီးတွေကိုလည်း ဒီဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ တရားဝင် အပြာရောင် အမှန်ခြစ် အမှတ်အသားပါ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ဟာလည်း တရက်အတွင်း  follow လုပ်ထားသူပေါင်း ဒီကနေ့မနက် ၁၀ နာရီလောက်အထိ ၃ သိန်းနီးပါးနဲ့ Like လုပ်ထားသူပေါင်း ၂၇၈၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် တွစ်တာလူမှုကွန်ရက်လည်း ဖွင့်လှစ်ထားသလို ပြည်သူ့အသံ PVTV Public Voice Television ရုပ်မြင်သံကြားချန်နယ်တခုကိုလည်း Youtube နဲ့ လူမှုကွန်ရက်မှာ ဖွင့်လှစ် ထားပါတယ်။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီ ၁၆ ရက်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ 

NUG Links များ

Website -  www.nugmyanmar.org  

Facebook -https://www.facebook.com/NUGmyanmar

Twitter - https://twitter.com/NUGMyanmar/header_photo

PVTV Facebook  - https://www.facebook.com/pvtvmyanmar
PVTV Youtube-https://www.youtube.com/channel/UCJuCQN7bM8X0kR4TOwE3Ftw

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013