DVB Logo
Home
မြန်မာသတင်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တိုင်းရင်းသားအဖွဲ့အစည်းများကြိုဆို
DVB
·
April 17, 2021
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တိုင်းရင်းသားအဖွဲ့အစည်းများကြိုဆို
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်းလိုက်တဲ့အပေါ်ကြိုဆိုထောက်ခံတဲ့ အကြောင်း  KNU Concerned Group က  ဒီကနေ့ ဧပြီ ၁၇  နေ့မှာ  သဘောထားထုတ်ပြန်ကြေညာလိုက်ပါတယ်။

CRPH ကထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်စေပြီး စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်သွားဖို့ မျှော်လင့်ကြောင်းလည်း ကရင် အရပ်ဘက်အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။ 

အလားတူ ရန်ကုန်ရှိ ရ၀မ်တိုင်းရင်းသားလူငယ်တွေကလည်း အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG) ကို ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အား စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတောင့်တကြတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့အတူ ရန်ကုန်ရ၀မ်လူငယ်တွေအနေနဲ့ ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကလည်း  အသစ် ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကြိုဆိုထောက်ခံကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားပြင်ဆင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ 

“ဖွဲ့စည်းဦးဆောင်မှုနဲ့ ဘယ်လိုစဉ်းစားချက်အခြေခံနဲ့စုဖွဲ့တာဖြစ်ပါစေ ဖက်ဆစ် စစ်အာဏာရှင်ကို ဘယ်လိုနည်းနဲ့ မြန်မြန်ဖြုတ်ချမလဲ၊ ပြည်တွင်းစစ်ကို ဘယ်လိုအဆုံးသတ်မလဲ၊ အဘက်ဘက်က ကျဆုံးနေတဲ့တိုင်းပြည်ကို ဘယ်လိုဦးဆောင်ထူထောင်မလဲ ဒါတွေကို တစ်ကယ်လက်တွေ့ ဦးဆောင်လုပ်ဖို့ လိုမယ်” လို့ တာဘုန်းကျော်ကဆိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အစိုးရစုဖွဲ့မှုမှာ တိုက်ရိုက်မပါဝင်နိုင်ပေမယ့် ဒါတွေကို အောင်မြင်အောင်လုပ်နိုင်ဖို့ လိုအပ်တဲ့ ကဏ္ဍမှာ လိုအပ်သလို ပူးပေါင်းလုပ်ဆောင်နိုင်အောင် ပြင်ဆင်ကြိုးစားနေမယ်လို့လည်း ဗိုလ်မှူးချုပ်တာဘုန်းကျော်က ပြောဆိုလိုက်ပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့  အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) မှာပါဝင်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ရက္ခိုင့်တပ်တော် AA ကို ကမ်းလှမ်းခဲ့တယ်လို့ သူ့ရဲ့တွစ်တာလူမှုကွန်ရက်မှာ ရေးပါတယ်။

"ငါတို့ကို ဂရုတစိုက်နဲ့ ခေါ်ခဲ့ပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်မပါခဲ့တာပါ။ သူတို့ကို အပြစ်ပြောစရာမလိုအပ်ပါ" လို့ ရေးသားထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီ ၁၆ ရက်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013