DVB Logo
Home
မြန်မာသတင်း
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် မွန်ပြည်နယ်က ၂ ဦး ပါဝင်
DVB
·
April 16, 2021
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် မွန်ပြည်နယ်က ၂ ဦး ပါဝင်
Donate to DVB

ဧပြီ ၁၆ ရက်နေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့မှာ မွန်ပြည်နယ်က ဒုဝန်ကြီး ၂ ဦး ပါဝင်လာပါတယ်။

အဲဒီ ဒုဝန်ကြီး ၂ ဦးကတော့  ကာကွယ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်နဲ့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မင်းဇေယျာဦးတို့ ဖြစ်ပါတယ်။

ကာကွယ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်ဟာ မွန်ပြည်သစ်ပါတီ(NMSP) ရဲ့ ဗိုလ်မှူးကြီးဟောင်း တစ်ဦးဖြစ်သလို မွန်ပြည်နယ်ပါတီရဲ့ စစ်ဦးစီးကော်မတီဝင်‌ဟောင်းလည်း ဖြစ်ပါတယ်။

ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်ဟာ မွန်ပြည်သစ်ပါတီ NMSP မှာ ၃၅ နှစ်ကြာ စစ်မှုထမ်းခဲ့သူ ဖြစ်ပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မင်းဇေယျာဦးကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦး ဖြစ်သလို အရင် မွန်အမျိုးသားပါတီ MNP ပါတီရဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013