DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက လူငယ်များစုပေါင်းပြီး Ayeyarwaddy Federal Army စတင်ဖွဲ့စည်း
DVB
·
April 16, 2021
ဧရာဝတီတိုင်းက လူငယ်များစုပေါင်းပြီး Ayeyarwaddy Federal Army စတင်ဖွဲ့စည်း
Donate to DVB

ဧရာဝတီတိုင်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့လူငယ်တွေစုပေါင်းပြီး Ayeyarwaddy Federal Army   (ဧရာဝတီဖက်ဒရယ်လက်နက်ကိုင်တပ်ဖွဲ့)ကို  ဧပြီ ၁၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တယ်လို့ ပါဝင်သူ ၁ ဦးက တည်ပြုပြောပါတယ်။

တိုင်းအတွင်းကလူငယ်တွေနဲ့ အလွှာပေါင်းစုံက ပညာရှင်တွေပူပေါင်းပြီး ခုလို ဖွဲ့စည်းလိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

"အဓိကတော့ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်သတ်နေတာကို ကာကွယ်နိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာဖို့ တည်ထောင်တာ''လို့ ပါဝင်သူ လူငယ် ၁ ဦးက ပြောပါတယ်။

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းစေဖို့နဲ့ ပြည်သူတွေကို အကြမ်းဖက်ပစ်သတ်နေတဲ့ စစ်တပ်ကို တိုင်းရင်းသားညီနောင်တွေနဲ့အတူ စုပေါင်းတော်လှန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ကို တော်လှန်ချင်တဲ့ လူငယ်တွေအနေနဲ့လည်း Ayeyarwaddy Federal Army ရဲ့ မြို့နယ်အသီးသီးက တာဝန်ခံတွေကို ဆက်သွယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013