DVB Logo
Home
မြန်မာသတင်း
CRPH ခေါင်းဆောင်များနှင့် အမေရိကန် ထိပ်တန်းအရာရှိများဆွေးနွေး
DVB
·
April 16, 2021
CRPH ခေါင်းဆောင်များနှင့် အမေရိကန် ထိပ်တန်းအရာရှိများဆွေးနွေး
Donate to DVB

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တာဝန်ရှိသူတွေနဲ့  အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိတ်ဖိတ်ရေးရာ ဗျူရိုထိပ်တန်းအရာရှိ Atual Keshap၊ အမေရိကန်ပြည်ထောင်စု လူ့အခွင့်အရေးဒီမိုရေစီနဲ့ အလုပ်သမားရေးရာဗျူရိုထိပ်တန်းအရာရှိ Scott Busby တို့ ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့မှာ ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို ခေတ္တဒုတိယသမ္မတဦးမန်းဝင်းခိုင်သန်းအပါအဝင် ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အစိုးရအဖွဲ့ဝန်ကြီး ဦးလွင်ကိုလတ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တက်ရောက်ခဲ့တာပါ။

နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာက ထောက်ခံအားပေးမှုအပြည့်ရှိနေပြီး ဒီကနေ့ဆွေးနွေးမှုမှာ CRPH အတွက်ရော ပေါ်ပေါက်လာမယ့် အမျိုးသားညီညွတ်ရေးအစိုးရအတွက်ရော အာဏာရှင်ကို နည်းပေါင်းစုံနဲ့ တော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက်အရေးပါတဲ့ ကိစ္စတွေ ဆွေးနွေးပြီး သဘောတူညီမှုတွေရရှိခဲ့တယ်လို့ ခေတ္တအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးလွင်ကိုလတ်က ဒီဗွီဘီသတင်းဌာနကို ပြောဆိုပါတယ်။

ဒီကနေ့ဆွေးနွေးခဲ့တဲ့ Atual Keshap ကလည်း သူ့ရဲ့တွစ်တာလူမှုကွန်ရက်ကနေ  မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့အရေးကြီးတာတွေကို သဘောတူခဲ့ပြီး ဒီမိုကရေစီအရေးကြိုးပမ်းနေတာကို အလေးနက်ထောက်ခံတယ်လို့ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013