DVB Logo
Home
မြန်မာသတင်း
ဗန်းမော်နှင့်မိုးမောက် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
DVB
·
April 16, 2021
ဗန်းမော်နှင့်မိုးမောက် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
1 / 9
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက် စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ရေအိုးခွက်ပန်းကန်၊ အသုံးအဆောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

ဧပြီ ၁၀ ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့ ဗန်းမော်-မြစ်ကြီးနားလမ်းတစ်လျှောက်တိုက်ပွဲတွေအတွင်း ကေအိုင်အေက သိမ်းယူထားတဲ့ အလော့ဘွမ်တောင်စခန်းနဲ့ တာဝါတိုင်ကုန်းစခန်းတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ပြန်လည်တိုက်ခိုက်ထိုးစစ်ဆင်နေတာကြောင့် အနီးအနားရွာတွေေ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင် ဦးရေ တိုးလာပြီး ဗန်းမော်မြို့ရှိ တံခွန်တိုင်ဘုန်းတော်ကြီးကျောင်းမှာ အိမ်ထောင်စု ၁၀၀ နီးပါး၊ လူဦးရေ ၃၀၀ ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

 မင်းကျောင်းကုန်း ပရဟိတကျောင်းနဲ့ မိုးမောက်မြို့ KBC ဘုရားကျောင်းမှာလည်း ဒီနေ့အထိ စစ်ရှောင်ပြည်သူတွေ  တဖွဲဖွဲရောက်ရှိနေကာ လက်ရှိအချိန်ထိ အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။

ဒါကြောင့် အသုံးအဆောင်၊ အိုးခွက်ပန်းကန်နဲ့ စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013