Home
မြန်မာသတင်း
အလောဘွမ်တောင်ကို သိမ်းယူရန်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်များ ကျဆုံးနေ
DVB
·
April 14, 2021
171309819_2806854346234711_5342114664220738333_n
171309819_2806854346234711_5342114664220738333_n-1
171309819_2806854346234711_5342114664220738333_n

အလောဘွမ်တောင်စခန်းကို  ထိုးစစ်ဆင်တဲ့  အာဏာသိမ်း စစ်ကောင်စီရဲ့ ခမရ (၃၂၀) တပ်ရင်းက စစ်ကြောင်းတစ်ကြောင်း ကျသွားပြီလို့  ကေအိုင်အို သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

မတ်လ ၂၅ ရက်နေ့က ကေအိုင်အေသိမ်းပိုက်ခဲ့တဲ့ အလောဘွမ်တပ်စခန်းကို စစ်ကောင်စီတပ်တွေက  စစ်‌ကြောင်းသုံးကြောင်းနဲ့ထိုးစစ်ဆင်ခဲ့တဲ့အပြင် လေယာဉ်နဲ့ပါ ကူပစ် တိုက်ခိုက်နေခဲ့တာပါ။

တိုက်ပွဲက ဒီမနက်ပိုင်းထိ ပြင်းထန်ခဲ့ပြီး ရန်သူ စစ်ကြောင်းတစ်ကြောင်းတော့ ကျသွားပြီလို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက တရုတ်လေပိုင်နက်ကိုပါ အသုံးပြုပြီး လေယာဉ်နဲ့ပါထိုးစစ်ဆင်ခဲ့ပေမယ့် ကေအိုင်အေဘက်က အလောဘွမ်ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကြောင်းနှစ်ကြောင်းကျန်နေသေးပြီး ထိုးစစ်ထပ်ဆင်ဦးမယ်ဆိုရင်တော့ တိုက်ပွဲပြန်လည်ပြင်းထန်ဖို့ရှိတယ်လို့ ကေအိုင်အေဘက်ကဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024