DVB Logo
Home
မြန်မာသတင်း
ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ ဝါတနာဘဲကို တိုကျိုတွင်ဆန္ဒပြ
DVB
·
April 14, 2021
ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ ဝါတနာဘဲကို တိုကျိုတွင်ဆန္ဒပြ
1 / 7
Donate to DVB

ဂျပန်-မြန်မာအသင်းနဲ့  အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ  ဝါတနာဘဲဟီဒဲအိုကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ၊ မြန်မာ့အရေးဆောင်ရွတ်နေတဲ့  ဂျပန်နဲ့ အမေရိကန်နိုင်ငံသားတွေက ဒီနေ့ ဧပြီလ ၁၄ ရက်နေ့မှာ တိုကျိုမြို့ရှိ အဆိုပါ အသင်းရုံးရှေ့ကို သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာ ပြည်သူတွေအပေါ် သတ်ဖြတ်နေတဲ့အပေါ် ဂျပန်-မြန်မာအသင်းအနေနဲ့ နှုတ်ဆိတ်နေတဲ့အပြင် တာဝန်ယူမှုမရှိပဲ လက်ရှောင်နေတယ်ဆိုပြီး  ဆန့်ကျင်ရှုတ်ချဆန္ဒပြခဲ့ကြတာပါ။

ဒီဂျပန်-မြန်မာအသင်းဟာ အခုလိုအချိန်မှာတောင်ဘာမှ မပြောဘဲ နှုတ်ဆိတ်နေပြီး မြန်မာပြည်သူတွေကို လျစ်လျူရှုနေတဲ့အတွက်  ဒီအသင်းဟာမရှိသင့်ဘူးထင်လို့ အခုလို လာရောက်ဆန္ဒပြကြတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုသန့်ဇော်ထက်က ဒီဗွီဘီကို ပြောပါတယ်။

မြန်မာအမည် ဦးကျော်လို့ခေါ်တဲ့ဂျပန်လူမျိုးအငြိမ်းစားကျောင်းဆရာတဦးကလည်း “ကျနော့်အနေနဲ့ စစ်ကောင်စီကိုတိုက်ရိုက်ဆက်သွယ် နားချနိုင်မယ့် ဩဇာတိက္ကမ ကြီးမားတယ်လို့ယူဆနေကြတဲ့ အခုဒီ မစ္စတာဝါတနာဘဲလိုပုဂ္ဂိုလ်ကို စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာတွေကို ရပ်တန့်စေပြီး ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဒီမိုကရေစီအစိုးရကို ပြန်လည်အပ်နှင်းအောင်နားချ ပြောပြဖို့ လာရောက်တောင်း ဆိုတာပါ” လို့ ပြောပါတယ်။

မစ္စတာဝါတနာဘဲအနေနဲ့စစ်ကောင်စီကို အကာအကွယ်ပေးစေချင်ရင် မြန်မာပြည်သူတွေကို ဆက်မသတ်ဖြတ်အောင် ဒီစစ်ကောင်စီအုပ်စုကို ရုရှားလိုနိုင်ငံကို ပို့ပြီး ပြည်သူတွေကို စိတ်ချမ်းသာစေချင်တယ်လို့လည်း ဆန္ဒပြခေါ်င်းဆောင်တဦးဖြစ်တဲ့ မဆွေဆက်အေးက  ပြောပါတယ်။

Japan Myanmar Association-(JMA)အသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ် ယခင်ပါလီမန်အ မတ်ဟောင်းလည်းဖြစ်တဲ့ ဝါတနာဘဲဟာ  မြန်မာစစ်တပ်နဲ့ အလွန်နီးကပ်သူတဦးဖြစ်ပြီး၊ မြန်စစ်တပ်ကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရှိ ကာကွယ်ရေးတက္ကသိုလ်နဲ့ သူ့ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ Niigata ခရိုင်ရှိ International University Japan (IUJ) မှ၊ ပညာသင်ကြားရေးကို ဦးစီးဦးဆောင်လုပ်ဆောင်နေသူဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ဖိတ်ခေါ်ခဲ့ပြီး  စစ်အစိုးရအားကိုးနဲ့ ဂျပန်ကုမ္ပဏီတွေကို ရင်းနှီးမြုပ်နှံစေကာ စစ်တပ်နဲ့ပတ်သက်တဲ့ စီးပွားကုမ္ပဏီတွေကို ကြောထောက်နောက်ခံပြုခဲ့သူလည်း ဖြစ်ပါသည်။

မစ္စတာဝါတနာဘဲဟာ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့လည်း ၂၄ ကြိမ်တိုင်တိုင်တွေ့ဆုံထားပြီး၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကြိမ်သာတွေ့ဆုံခဲ့သူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013