
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ ကောင်းကလောအုပ်စုမှာ ဧပြီ ၁ ရက်နေ့က အသက် ၅ နှစ်အရွယ်ကလေးငယ်အား အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ တရားခံကို TNLAက အများပြည်သူရှေ့မှာ သေဒဏ်ပေးကွပ်မျက်လိုက်ပါတယ်။
တအာင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ တရားစီရင်ရေးဌာနက ဧပြီ ၁ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး အများပြည်သူရှေ့မှာ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူဟာ အရင်ကလည်း အသက် ၄ နှစ်နဲ့ အသက် ၂၄ နှစ်ရှိ အမျိုးသမီးတွေကို ပြစ်မှု ကျူးလွန်ထားဖူးသူဖြစ်ပြီး ဓားပြတိုက်မှု ၊ လူသတ်မှုတွေကြောင့် ထောင်ဒဏ်ချမှတ်ခံ ထားရသူ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီးနောက် အခုတကြိမ်ပြန်လည်ကျူးလွန်တာကြောင့် သေဒဏ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။