DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီကို အဆက်ဖြတ်ရန် ဂျပန်အလုပ်သမားသမဂ္ဂဝင် ၃ သိန်းကျော် တောင်းဆို
DVB
·
April 13, 2021
အကြမ်းဖက်စစ်ကောင်စီကို အဆက်ဖြတ်ရန် ဂျပန်အလုပ်သမားသမဂ္ဂဝင် ၃ သိန်းကျော် တောင်းဆို
1 / 4
Donate to DVB

မြန်မာနိုင်ငံမှာ လက်နက်ကိုင် အကြမ်းဖက်နေတဲ့အာဏာသိမ်း စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ အိုဒီအေ အပါအဝင် အကူအညီတွေပေးနေတာကို ချက်ချင်းဖြတ်တောက်ဖို့   ဂျပန်နိုင်ငံရဲ့အထင်ကရ အလုပ်သမားသမဂ္ဂကြီးတခုဖြစ်တဲ့ JAM ဥက္ကဋ္ဌ  မစ္စတာ ရာစုခိုချီ ခတဟီရို ဦးဆောင်ပြီး သမဂ္ဂအဖွဲ့ဝင် ၃ သိန်းကျော်က တောင်းဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ နေ့စဉ်ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အုပ်စု အဆက်ဖြတ်ဖို့  အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ပေါင်း ၃၆၄၀၀၀ ကျော်ရဲ့  လက်မှတ်တွေကို ဂျပန်နိုင်ငံခြားရေးရုံးမှာ ဧပြီ ၁၃ ရက် ညနေပိုင်းက ပေးအပ်ခဲ့ရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လွှတ်တော်ဆိုင်ရာအကြီးတန်းအရာရှိ ဒုဝန်ကြီး မစ္စတာ ခိုကူးဘ ကိုနိုဆူကီက လက်ခံယူခဲ့ပါတယ်။

JAM အလုပ်သမားသမဂ္ဂနဲ့အတူ မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ဂျပန်နဲ့ မြန်မာ့အရေးဆောင်ရွတ်နေတဲ့ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂဥက္ကဋ္ဌ နခဂဝ မဆဟရု ဦးဆောင်တဲ့ အမတ် ၈ ဦးကလည်း  ကောက်ခံထားတဲ့ လက်မှတ်တွေကို ပေးအပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ ဒုတိယဝန်ကြီးမစ္စတာ မစ္စတာ ခိုကူးဘ ကိုနိုဆူကီကတော့ ဂျပန်ပြည်သူတွေက မြန်မာပြည်တွေရဲ့ ဆန္ဒနဲ့အတူ အခုလိုတောင်း ဆိုလို လားချက်တွေကို ကောင်းစွာနားလည်သဘောပေါက်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကိုအဆက်အသွယ်ဖြတ်ပါက ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီကို မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိ ရေးအတွက်ကြားဝင် ပြောဆိုပေးဖို့ အခက်အခဲရှိနိုင်တာမို့  စစ်ကောင်စီကို ဆက်လက်ဆက်ဆံ ဆက်သွယ်နေရတာပါလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

ဂျပန်မှာရှိ အလုပ်သမားသမဂ္ဂပေါင်း ၁၂၉၈ ခုမှ စုဆောင်းထားတဲ့လက်မှတ်တွေ ဖြစ်ပါတယ်။ ဒီနေ့အထိ မြန်မာပြည်သူ ၇၀၀ ကျော်ရဲ့အသက်တွေ ဆုံးရှုံးနေတာကို နောက်ထပ် အသက်တွေ ထပ်မံ မဆုံးရှုံးစေဖို့ ဂျပန်အစိုးရက အထောက်အပံ့တွေ အမြန်ဆုံးရပ်တန့်ကာ ပြည်သူတွေကို အကာအကွယ်ရစေမယ့် တစုံတခုကို ဆောင်ရွတ်ပေးဖို့ ဒုဝန်ကြီး မစ္စတာခိုခုဘ ခိုနိုဆုခေ ကို  FWUBCမှတာဝန်ခံဦးမြင့်ဆွေက လက်မှတ်တွေ ပေးအပ်စဉ်မှာ တိုက်ရိုက်ပြောကြား တောင်းဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုတိုခိကလည်း  မြန်မာစစ်ကောင်စီ ကို အသိအမှတ်ပြုဖို့  အစီအစဉ်မရှိကြောင်းနဲ့ ပဲခူးမှာစစ်တပ်ကပစ်ခတ်ခဲ့တဲ့ လူသားမဆန်တဲ့ လုပ်ရပ်ကို အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ဧပြီ ၁၂ ရက်က ဂျ ပန်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ 

သတင်းဓါတ်ပုံ ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013