DVB Logo
Home
မြန်မာသတင်း
မိုးမောက်မြို့နယ်တွင် တိုက်ပွဲကြောင့် ရွာသား ၁၀၀၀ ခန့် စစ်ဘေးရှောင်
DVB
·
April 13, 2021
မိုးမောက်မြို့နယ်တွင် တိုက်ပွဲကြောင့် ရွာသား ၁၀၀၀ ခန့် စစ်ဘေးရှောင်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကေအိုင်အေ  ကချင်လက်နက်ကိုင်တပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ရွာထဲထိ လက်နက်ကြီးကျတာကြောင့်  ရွာသား ၁၀၀၀ လောက် ဘေးလွတ်ရာကို တိမ်းရှောင်နေ ရပါတယ်။

မိုးမောက်မြို့နယ် မြို့သစ်ရွာအနီးတဝိုက်မှာ ဧပြီ ၁၁ ရက်ကစလို့ တိုက်ပွဲပြင်းထန်ပြီး ညသန်းခေါင်လောက်မှာ လေယာဉ်တွေ၊ အမြာက်တွေနဲ့ပါ အသုံးပြုပြီးတိုက်ခိုက်တာကြောင့်  မြို့သစ်၊ စီဟက်၊ ကုန်းလော၊ နောင်ကွန်၊ မြို့ဟောင်း၊ မခွယ်စတဲ့  ရွာသားတွေဟာ မန်နောင်ရွာမှာ လာပြီး ခိုလှုံနေရတယ်လို့ မန်နောင်ရွာသား ၁ ဦးက ပြောပါတယ်။ 

“ကျနော်တို့ရွာနဲ့ ၅ မိုင်လောက်ဝေးတဲ့ မြို့သစ်ရွာဘက်မှာ မြန်မာစစ်တပ်တာဝါတိုင်ကို ကေအိုင်အေကသိမ်းလိုက်လို့ ပြန်တိုက်တာလို့လည်းကြားတယ်။ အတိအကျတော့မသိဘူး။ ပစ်ခတ်သံတွေတော့ ကြားတယ်။ လေယာဉ်သံတွေရော ၁၁ ရက်ညသန်းခေါင်ကျော်က တညလုံးပဲ။ စီဟက်ရွာထဲမှာ လက်နက်ကြီးကျပြီး  သံဃာတော်တစ်ပါး ခြေထောက်ထိတယ်၊ မိုးလင်းတာနဲ့ ရွာသားတွေလည်း ထွက်ပြေးကြတော့တာပဲ။ ကျနော်တို့ရွာကို မနက် ၉ နာရီလောက်မှာ ရောက်လာ ကြတယ်။  အများစုက ဘုန်းကြီးကျောင်းမှာ၊ ရွာထဲက အိမ်တွေမှာလည်း တည်းခိုကြတယ်။  ထွက်ပြေးလာတာ ရွာဆယ်ရွာကဆိုတော့ လူဦးရေက တစ်ထောင်လောက်ရှိ မယ်ထင်တယ်။”

မနေ့ညကတော့ အသံနည်းနည်းငြိမ်သွားကြောင်း၊ ဒီနေ့မနက်မှာ မန်နောင်ရွာမြောက်ဘက် ဒေါ့ဖုန်းယန်မြို့ဘက်က ပစ်ခတ်သံကြားပေမဲ့ အနည်းငယ်အလှမ်းဝေးတာမို့ စစ်ဘေးရှောင်ရွာသား တချို့ ပြန်ကုန်ကြပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတွေတော့ မပြန်ကြသေးဘူးလို့ မန်နောင် ရွာသားက ပြောပါတယ်။ 

ဧပြီလ ၁၁ ရက်ညက ပြင်းထန်တဲ့တိုက်ပွဲကြောင့် မခွယ်၊ စီဟက်၊ မြို့သစ်စတဲ့ ကျေးရွာမှာ လက်နက်ကြီးထိမှန်သေဆုံးသူတွေ ဒဏ်ရာရသူတွေ ၆ ဦးလောက်ရှိတယ်လို့ကြားပေမယ့် အတိအကျ မသိရဘူးလို့လည်း မန်နောင်ဒေသခံက ဆက်ပြောပါတယ်။ 

Kachinwaves သတင်းမှာတော့ ဧပြီလ ၁၂ ရက်နေ့မနက်က မိုးမောက်မြို့နယ်ထဲမှာ စစ်​ကောင်စီလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်မှု​ကြောင့်  အသက် ၈၀ ကျော် အဘွားအိုတစ်ဦးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

မိုးမောက်မြို့နယ် မခွယ်အမြောက်တပ် ၃၇၀ မှာလည်း ဧပြီ ၁၀ ရက်ညက ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် မခွယ်ရွာက ဘုန်းကြီးတစ်ပါး လက်နက်ကြီးကျည်ထိမှန်ကာ ပျံလွန်သွားခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013