DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီအမိန့်ဖြင့် PSIစလောင်းများကို ဖြုတ်သိမ်းခိုင်းနေ
DVB
·
April 13, 2021
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီအမိန့်ဖြင့် PSIစလောင်းများကို ဖြုတ်သိမ်းခိုင်းနေ
Donate to DVB

ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီက အများပြည်သူ တပ်ဆင်အသုံးပြုနေတဲ့ PSI စလောင်းတွေကို ဧပြီ ၁၁ ရက်က စတင်ပြီး ဖြုတ်သိမ်းထားဖို့ မြို့နယ်အတွင်းမှာ လိုက်လံဆော်သြနေပါတယ်။

အခုလို အများပြည်သူတပ်ဆင်ကြည့်ရှုနေကြတဲ့ PSIစလောင်းတွေကို ဖြုတ်သိမ်း ခိုင်းတာဟာ DVB သတင်းဌာနနဲ့ Mizzima သတင်းဌာနတွေမှ ထုတ်လွှင့်နေတဲ့သတင်းတွေကို ကြည့်ခွင့်မရအောင်ပိတ်ပင်တာဆီးတာဖြစ်နိုင်တယ်လို့ စစ်တွေမြို့အရပ်ဖက်အဖွဲ့အစည်းမှာ ဦးဆောင်လုပ်ကိုင်နေသူ ၁ ဦးက ပြောပါတယ်။

“အဓိကတော့ သူတို့က DVBရယ်၊ Mizzima သတင်းဌာနတွေက ထုတ်လွှင့်နေတာတွေကို မကြည့်ရအောင်လို့ပေါ့၊ အခုလက်ရှိ မြန်မာနိုင်ငံအနှံ့မှာ ပြည်သူတွေက စစ်ကောင်စီကို ကန့်ကွက်နေကြတယ်။ ဆန္ဒပြနေကြတာတွေကို ထုတ်လွှင့်နေတာကို မကြည့်စေချင်တာကြောင့် ပိတ်တယ်လို့ပဲ ကျနော်တို့သုံးသပ်တာပေါ့၊ အခုကျနော်တို့ စစ်တွေမှာတော့ PSI စလောင်းတွေ ဖြုတ်သိမ်းဖို့ ကြေညာတာတော့မရှိသေးဘူး၊ ကျနော်သိရသလောက်ကတော့ အမ်းမြို့နယ်မှာ ၁၀ ရက်နေ့ကစပြီး PSI စလောင်းတွေ တပ်ဆင်ထားတာတွေ ဖြုတ်သိမ်းထားဖို့ အရောင်းဆိုင်တွေ ကိုတော့ ရောင်းချတာတွေမလုပ်ဖို့ကို တာဝန်ရှိသူတွေက လာရောက်တားမြစ်တာတွေ ရှိနေတယ်လို့ သိရတယ်”။

ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာသာ ခုလိုလုပ်ဆောင်နေတာဖြစ်ပြီး ပြည်နယ် တစ်ခုလုံး အတိုင်းအတာနဲ့ လုပ်ဆောင်နေတာတော့ မဟုတ်ပါဘူး။  

ကျောက်ဖြူမြို့ခံ ဦးမောင်ကြီးက “ကျနော်တို့ ကျောက်ဖြူမြို့ပေါ်မှာ ၁၁ ရက်နေ့ညက စပြီးတော့ ရပ်ကွက်တွေမှာ PSI စလောင်းတပ်ဆင်ထားတာတွေ ဖြုတ်သိမ်းဖို့ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက မိုက်နဲ့လှည့်ပြီးအော်ခိုင်းတယ်။ တကယ်လို့သက်ဆိုင်ရာအဖွဲ့အစည်းတွေက စစ်ဆေးလို့ PSI စလောင်းတွေမဖြုတ်သိမ်းဘူးဆိုရင် အရေးယူသွားမယ်လို့ ကြေညာတဲ့အထဲမှာ ပါတယ်။ ဒါကြောင့်တချို့က စိုးရိမ်ပြီးတော့ နောက်နေ့မှာဖြုတ်သိမ်းထားကြသလို တချို့ကတော့ မဖြုတ်သိမ်းကြဘူးပေါ့။ ဒီ PSI စလောင်းတွေတပ်ဆင်သူအများစုက အခြေခံလူတန်းစားတွေက အဓိကအသုံးပြု ကြည့်ရှုနေရတဲ့ဟာပေါ့။ အခုအချိန်မှာ အင်တာနက်ကလည်းပိတ်ထားတော့ ဒီစလောင်းကိုအားတဲ့အချိန်မှာ ကြည့်ရှုနေရတာကို အခုလိုဖြုတ်သိမ်းခိုင်းတယ်ဆိုတာ အဓိပ္ပါယ် မရှိဘူးလို့ မြင်တယ်။”လို့ ပြောပါတယ်။

အခုလို ရခိုင်ကမြို့နယ်အချို့မှာ PSI စလောင်းတွေကို ဖြုတ်သိမ်းခိုင်းနေတာနဲ့ပတ်သက်ပြီး ဒေသခံတွေကြား ဝေဖန်မှုတွေရှိနေသလို မတည်ငြိမ်မှုတွေပြန်လည်ဖြစ်လာမှာကိုလည်း ဒေသခံ တွေကြား စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013