DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီက သတင်းမီဒီယာကောင်စီကို ပြန်လည်ဖွဲ့စည်း
DVB
·
April 12, 2021
အကြမ်းဖက်စစ်ကောင်စီက သတင်းမီဒီယာကောင်စီကို ပြန်လည်ဖွဲ့စည်း
Donate to DVB

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်ရဲ့အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက အဖွဲ့ဝင်တွေအသီးသီး နုတ်ထွက်ခဲ့တဲ့အတွက် လစ်လပ်သွားတဲ့ နေရာတွေကို အကြမ်းဖက် စစ်ကောင်စီက လာမယ့် ဧပြီ ၃၀ ရက်နေ့မှာ ရွေးချယ်သွားဖို့ စီစဉ်နေ ပါတယ်။

သတင်းမီဒီယာကောင်စီဝင်တာဝန်ထမ်းဆောင်ဖို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာကနေ ခေါ်ယူခဲ့လို့ လာလျှောက်တဲ့အထဲက ၁၁ ဦးကိုတော့ ရွေးချယ်တင်မြှောက်ပွဲကျင်းပစရာမလိုဘဲ ခန့်အပ်ထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက ဧပြီလ ၁၂ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

စစ်အုပ်စုအလိုကျ ရွေးချယ်ထားသူ ၁၁ ဦးကတော့ ဦးတင်မောင်ဦး၊ ဦးဌေးအောင်၊ ဒေါက်တာ အေးမင်း၊ ဦးမောင်မောင်မြင့်အေး၊ ဦးသက်နိုင်ဦး၊ ဒေါ်မြင့်မြင့်သိန်း၊ ဦးနေထွန်းဝင်း၊ ဦးအောင်ပြည့်စုံ၊ ဒေါ်ချိုအိဇင်(ခ) နွေဦးလင်း၊ ဦးတင်မောင်ထွေးနဲ့ ဦးရဲနိုင်စိုးတို့ဖြစ်ကြပါတယ်။

သတင်းမီဒီယာကောင်စီအဖြစ် လျှောက်လွှာတင်လာသူတွေထဲက ၆ ဦးကိုတော့ သတ်မှတ်ချက်အထောက်အထားအပြည့်စုံတာ ဥပဒေအရ သတ်မှတ်နယ်ပယ်နဲ့ကိုက်ညီမှု မရှိလို့ ပယ်ခဲ့တယ်လို့ ဆိုပါတယ်။

လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာ ကျန်ရှိနေတဲ့ လစ်လပ်နေရာတွေထဲက ၃ နေရာကိုရွေးချယ်ဖို့အတွက် သတင်းမီဒီယာနည်းပညာများ ဥပဒေများ ၉၊ နည်းဥပဒေခွဲ (က)(ခ)အရ ရွေးချယ်တင် မြှောက်သွားမှာဖြစ်တယ်လို့  ရွေးချယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီက အသစ်ဖွဲ့စည်းမယ့် သတင်းမီဒီယာကောင်စီကို လွတ်လပ်တဲ့ သတင်းသမားများ အင်အားစုက အသိအမှတ်မပြုကြောင်း ဧပြီ ၉ ရက်ကကတည်းက ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီ အလိုကျ လုပ်ဆောင်ပေးမယ့် မြန်မာနိုင်သတင်း မီဒီယာကောင်စီ ရွေးချယ်တင်မြှောက်ပွဲကို လက်မခံသလို အခုဖွဲ့စည်းမယ့်ကောင်စီမှာ သတင်းစာကျင့်ဝတ်ကို မလိုက်နာတဲ့ သတင်းသမားအရေခြုံ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရဲသတင်းပေးအဖွဲ့အစည်းတွေ ပါဝင်နေတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ  သတင်းမီဒီယာနာမည်တပ်ပြီး ဖွဲ့စည်းမယ့် ဘယ်အဖွဲ့အစည်းကိုမျှ လက်ခံမှာ မဟုတ်ကြောင်းနဲ့ အဲဒီအဖွဲ့အစည်းတွေမှာ ပါဝင်ကြမယ့်သူတွေ ကိုလည်း သတင်းမီဒီယာသမားတွေအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ကြောင်း ကြေညာချက်မှာ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013