ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ မင်္ဂလာမူဆယ် ရဲကင်းနဲ့ သိန်းသန်းချီ ကားကွင်းနား ကရဲကင်း ဧပြီ ၁၁ ရက် ညနေ ၅ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သိန်းသန်းချီ ကားကွင်းနားက ရဲကင်းတဲကိုတော့ အနီးနားက ပြည်သူတွေ ဝိုင်းငြှိမ်းသတ်ခဲ့ပြီး မင်္ဂလာမူဆယ်ဘက်က ရဲကင်းတဲကိုတော့ ရဲတွေရောက်လာပြီး ငြှိမ်းသတ်ခဲ့ကာ ညနေ ၆ နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းခဲ့တယ် ဆိုပါတယ်။
အဲ့ဒီရဲကင်းတွေဟာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ရဲတပ်အသားအစောင့်တွေချထားခြင်းမရှိတဲ့ ရဲကင်းတွေလည်းဖြစ်ပါတယ်။ အခု မီးလောင်မှုမှာတော့ လူထိခိုက်ဒဏ်ရာရရှိခဲ့တာမျိုး မရှိခဲ့ပါဘူး။