DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက အဓမ္မငွေကောက်ခံနေ
DVB
·
April 12, 2021
လှိုင်သာယာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက အဓမ္မငွေကောက်ခံနေ
Donate to DVB

ရန်ကုန် လှိုင်သာယာမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်မှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဟာ ရပ်ကွက်ထဲက အဆောင်တွေကို တစ်ဆောင်လျှင် ငွေကျပ် ၁၀၀၀၀ ပေးရမယ်ဆိုပြီး ရာအိမ်မှူးတွေကတဆင့် ကောက်ခိုင်းနေလယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အခုလို ငွေကောက်ခိုင်းတာက ရပ်ကွက်ရုံး မျက်နှာကြက်ပြင်ဖို့နဲ့ ရုံးရှေ့မှာ လုံခြုံရေးတဲဆောက်ဖို့ဖြစ်ပြီး  မတ်လ ၁၃ ရက်နေ့ နောက်ဆုံးထားပေးရမယ်လို့ ပြောဆိုကြောင်း  ရပ်ကွက်နေသူတဦးကပြောပါတယ်။

အခုငွေကောက်ခိုင်းတဲ့အုပ်ချုပ်ရေးမှူး  ဦးမောင်မောင်ကို ရပ်ကွက်နေထိုင်နေတဲ့သူတွေက အသိအမှတ်မပြုထားဘဲ စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း သုံးကြိမ်ဆန္ဒပြခဲ့ကြပြီးဖြစ်ပါတယ်။

စစ်ကောင်စီကအခုခန့်ထားတဲ့ အမှတ် ၁၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရွေးကောက်ပွဲစနစ်နဲ့ရွေးချယ်တဲ့အခါမှာ တစ်ကြိမ်မှ ပြန်လည်ရွေးချယ်ခံရခြင်းမရှိပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013