DVB Logo
Home
ဘောလုံး
ဗင်နီစီယက်စ်ကို ပြိုင်ဘက်များက အနိုင်ကျင့်သလိုဖြစ်နေဟု ရီးရဲလ်နည်းပြ မော်ရင်ဟို ပြော
DVB
·
August 23, 2026
Photo: REUTERS/Pablo Morano
Photo: REUTERS/Pablo Morano
Donate to DVB

ရီးရဲလ်မက်ဒရစ်နည်းပြ မော်ရင်ဟိုက အက်စပန်ညိုနဲ့ပွဲမှာ ဗင်နီစီယက်စ်ကို ပြိုင်ဘက်တွေက အရမ်းကြမ်းတမ်းစွာ ကစားခဲ့ကြတာဟာ အနိုင်ကျင့်သလို ဖြစ်နေတယ်လို့ ပြောပါတယ်။ 

ဒါပေမဲ့ ဗင်နီစီယက်စ်အနေနဲ့ ရန်စမှုတွေကြားမှာ စိတ်ကိုထိန်းထားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ စနေနေ့က ကစားခဲ့တဲ့ ပွဲစဉ်အစ ၅ မိနစ်အတွင်း အဲလက်စ် ကာလာထရာဗာက ဗင်နီစီယက်စ်ကို နောက်ကနေ ဝင်တိုက်ပြီး လှဲချခဲ့တယ်။

ဗင်နီစီယက်စ် မြေပြင်ပေါ် လဲနေစဉ်မှာလည်း ထပ်မံထိခိုက်မိသလို ဖြစ်ခဲ့တာပါ။ ဒါကို ရီးရဲလ်မက်ဒရစ် ကစားသမားတွေက အနီကတ်ပြဖို့ တောင်းဆိုခဲ့ကြပေမဲ့ ဒိုင်လူကြီးက ကာလာထရာဗာကို အရေးမယူပါဘူး။ 

ဒီပွဲအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်က နောက်ဆုံးမိနစ် ဂိုးနဲ့ အက်စပန်ညိုကို (၂-၁) ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013