
ဂီတအနုပညာရှင် ခြူးစစ်ဟန်အပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၁ ရက်စွဲနဲ့ ထပ်မံ ကြေညာပါတယ်။
အမှုဖွင့်ခံထားရသူတွေအထဲမှာ ခြူးစစ်ဟန်၊ ဒေါက်တာရွှေပုံ၊ ကောင်းမြတ်သူ၊ မိုးဇော်အောင်၊ ကျော်နိုင်ဦး၊ နေကိုအောင်၊ ဘရန်စိုင်း၊ အောင်ကျော်ကျော်၊ မောင်မောင်နိုင်၊ ဥက္ကာချမ်းငြိမ်း၊ နန်းအိအိစံ၊ တင်မြင့်ဇော်၊ အောင်ကျော်သူ၊ တင်ထွန်းအောင်၊ ဒေါက်တာ စိုင်းသော်ဇင်ဦး၊ အေးအေးသန့်၊ လွန်းမောင်၊ ခင်လး ၊ သိန်းမြင့်နဲ့ မိုးမိုးဝင်းတို့ ပါဝင်ပါတယ်။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၁၅၀ လောက် ရှိသွားပြီဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မော်ဒယ်ပိုင်တံခွန်ကိုလည်း ပြီးခဲ့တဲ့ပိုင်းက ရန်ကုန်ရှိ သူ့တို့ရဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
Photo- Credit