
မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ ဦးဆောင်သူ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်နိုင်ငံက ဇွန်လ အစောပိုင်းကတည်းက ဖမ်းဆီးထားတယ်လို့ New York Times သတင်းစာက ဖော်ပြပါတယ်။
တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ISP Myanmar ကို DVB က ဆက်သွယ်မေးမြန်းထားပေမဲ့ လက်ရှိ အထိတော့ ပြန်ပြီး ဖြေကြားတာ မရှိသေးပါဘူး။
New York Times သတင်းစာအနေနဲ့လည်း ဦးမင်းဇင်ရဲ့ မိသားစုကို အီးမေးလ်ပို့ပြီး မေးမြန်းခဲ့ပေမဲ့ ပြန်ပြီး ဖြေကြားတာ မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။
သူဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်ရဲ့ မြို့တော်ကူမင်းမှာ ဇွန် ၃ ရက် ကတည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး၊ ဒီဖမ်းဆီးမှုကို အမေရိကန် သံတမန်တွေလည်း သိရှိ ထားတယ်လို့ New York Times က ဖော်ပြပါတယ်။











