DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခနယ်မြေက ရဲမေများ၏ တိုက်ပွဲဝင်ချီးမြှင့်ငွေများ တပ်ရင်းများက ထုတ်ယူသုံးစွဲ
DVB
·
May 26, 2026
Photo : MOI
Photo : MOI
Donate to DVB

ရွေးကောက်ပွဲ မဲပေးလက်မှတ်က အချက်အလက်တွေကို ရယူကာ စစ်ရေးပဋိပက္ခနယ်မြေမှာရှိတဲ့ စစ်သည်တွေရဲ့ ဇနီး၊ ရဲမေတွေအား လစဥ်ပေးတဲ့ တိုက်ပွဲဝင်ချီးမြှင့်ငွေကို တပ်ရင်းမှူးတွေက မပေးဘဲ ထုတ်ယူနေတယ်လို့ တပ်မိသားစုဝင်တွေဆီက သိရပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မိုးကောင်းမြိုနယ် နန်းမားဒေသမှာရှိတဲ့ ခမရ ၃၈၆ မှာ တပ်ရင်းမှူးက ရဲမေတွေကို လစဥ်ထောက်ပံ့တဲ့ တိုက်ပွဲဝင်ချီးမြှင့်ငွေ ၁ သိန်းကို ထုတ်မပေးဘဲ မိမိဘာသာထုတ်ယူတယ်လို့ ခမရ ၃၈၆ နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

"တပ်ထဲမှာ စစ်သည်တွေရဲ့ဇနီးတွေကို ရဲမေ လို့ခေါ်တယ်။ စစ်ဖြစ်လာရင် ရဲမေတွေလည်း ယောကျ်ားတွေနဲ့ရင်ပေါင်တန်းပြီး တိုက်ရတာ။ ပြီးခဲ့တဲ့နှစ်က ပဋိပက္ခဒေသမှာရှိတဲ့ ရဲမေတွေအတွက် တိုက်ပွဲဝင်ချီးမြှင့်ငွေ ၁ သိန်းပေးတယ်။ ဒါပေမဲ့ ရဲမေတွေမရဘူး၊ တပ်ရင်းမှူးက ထုတ်ပြီးသုံးတယ်။”

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မကွေးတိုင်း မြိုင်မြို့နယ်အခြေစိုက် ခလရ ၂၃၅ ခြေလျင်တပ်ရင်းမှာတော့ တပ်ရင်းမှူးက ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ မဲပေးလက်မှတ်ကို အခြေခံကာ ရဲမေတွေကိုယ်စား ထုတ်သုံးတယ်လို့ တပ်မိသားစုဝင်တယောက်က DVB ကို ပြောပါတယ်။

"မြိုင်မြို့ဆိုတာ PDF ကြီးစိုးတဲ့နေရာဆိုတော့ တပ်ရင်းမှာ ရဲမေတွေ သိပ်မရှိဘူး၊ အခြားနေရာမှာ ရှောင်နေရတယ်။ ရှောင်နေရတဲ့ ရဲမေတွေကိုပေးတဲ့ တိုက်ပွဲဝင်ချီးမြှင့်ငွေကို တပ်ရင်းက ထုတ်တယ်။ ဘယ်လိုထုတ်လဲဆိုတော့ ရွေးကောက်ပွဲတုန်းက မဲစာရင်းလက်မှတ်ကိုအခြေခံပြီး အဲ့က အချက်အလက်တွေနဲ့ထုတ်စားတာ။”

တိုက်ပွဲဝင်ချီးမြှင့်ငွေကိစ္စ မရတဲ့ ပြဿနာမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်ရင်းတွေမှာ အဖြစ်များတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“တိုက်ပွဲဝင်ချီးမြှင့်ငွေနဲ့တိုင်ခံရတာ တပ်ရင်း ၁၀ ရင်းလောက်ရှိတယ်။ အချို့က အတိုင်ခံရလို့ ပြန်ပေးတဲ့ တပ်ရင်းတွေရှိသလို ပြန်မပေးတဲ့တပ်ရင်းတွေရှိတယ်။” 

၂၀၂၄ ခု ဧပြီကစပြီး ၆ လမှ တနှစ်အတွင်း စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်ဆိုပါက ၅၀,၀၀၀ ကျပ်၊ ၁ နှစ်မှ ၂ နှစ်အတွင်း ၈၀,၀၀၀ ကျပ်နဲ့ ၂ နှစ်အထက် ၁၁၀,၀၀၀ ကျပ် လစဥ်ပေးခဲ့ပြီး စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ဒေသက ရဲမေတွေအတွက် လစဥ် တိုက်ပွဲဝင်ချီးမြှင့်ငွေ ၁ သိန်းပေးခဲ့တာပါ။ 

Photo : MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013