DVB Logo
Home
မြန်မာသတင်း
CDM မပါဝင်သည့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါချုပ်၊ ဒုပါချုပ်နှင့် ဆရာ၊ဆရာမများ စာရင်းထုတ်ပြန်
DVB
·
April 11, 2021
CDM မပါဝင်သည့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါချုပ်၊ ဒုပါချုပ်နှင့် ဆရာ၊ဆရာမများ စာရင်းထုတ်ပြန်
1 / 10
Donate to DVB

စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) မှာ ရာနှုန်းပြည့် မပါဝင်တဲ့ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်တွေနဲ့ သင်ကြားရေး ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေစာရင်းကို ကျောင်းသားများသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

“အကြမ်းဖက် လက်ပါးစေ လောက်ကောင်များစာရင်း ကြေငြာခြင်း” လို့ ခေါင်းစဉ်တပ် ဖော်ပြထားတဲ့ ဒီထုတ်ပြန်ချက်ထဲမှာတော့ CDM တံခါးပိတ်သည် အထိပါဝင်ခြင်းမရှိတဲ့ ပါမောက္ခချုပ် ဦးကြည်ရွှင်နဲ့ အပေါင်းပါတွေကို အမည်ပျက်စာရင်းသွင်းကြောင်း ဖော် ပြထားခဲ့တာကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် သေဆုံးသူအပြစ်မဲ့ပြည်သူတွေ၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား၊ ပြည်သူတွေ များစွာရှိနေခဲ့ပြီး လူထုတရပ်လုံး၊ လူတန်းစားမျိူးစုံ၊ လူမျိုးပေါင်းစုံမှ ရရာနည်းလမ်းမျိုးစုံနဲ့ တိုက်ပွဲဝင်တော်လှန်နေကြချိန်မှာ အကြမ်းဖက် လူသတ်ဝါဒီ စစ်အုပ်စုရဲ့ မတရားလုပ်ရပ်တွေ၊ လူမဆန်တဲ့ လုပ်ရပ်တွေအပေါ် မသိကျိုးနွံပြု၊ ထောက်ခံအားပေးတာတွေ မတရားမှုကို မတရားမှန်းသိသိရက်နဲ့ နှုတ်ဆိတ်နေယုံမက ထောက်ခံအားပေးပြုလုပ်နေကြသူတွေကို လူအသိုင်းဝိုင်းမှာ မရှိအပ်တဲ့ ရွံစရာလောက်ကောင်တွေလို့ သတ်မှတ်ကာ လူ့အသိုင်းအဝိုင်းမှ ဖယ်ကျဉ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီစာရင်းထဲမှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် သက်ဆိုင်ရာ ဘာသာ ရပ် တွေအလိုက်၊ ဌာနအလိုက် CDM လှုပ်ရှားမှုမှာ ပါဝင်ခြင်းမရှိတဲ့ ပါမောက္ခ(ဌာနမှူး)၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြစတဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေကိုပါ နာ မည်နဲ့ ရာထူးတွေအလိုက် ဖော်ပြထားပါတယ်။

          ဌာနအလိုက် CDM လှုပ်ရှားမှုမှာ မပါဝင်သူအရေအတွက်အရ နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ၂ ယောက်နဲ့ ဝန်ထမ်းရေးရာဌာနက ၄၈ ယောက်၊ တရုတ်ဘာသာဌာနက ဆရာ၊ ဆရာမ ၁၂ ယောက်၊ ဂျာမန်ဘာသာဌာနက ဆရာ မ ၄ ယောက်၊ ပြင်သစ်ဘာသာဌာနက ဆရာမ ၈ ယောက်၊ ထိုင်းဘာသာဌာနက ဆရာမ ၄ ယောက်၊ မြန်မာစာဘာသာဌာနက ဆရာမ ၅ ယောက်၊ အင်္ဂလိပ်ဘာသာဌာနက ဆရာမ ၆ ယောက်၊ ကိုရီးယားဘာသာဌာနက ဆရာမ ၅ ယောက်၊ ဒသနိကဗေဒဌာနက ဆရာမ ၁ ယောက်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနက ဆရာမ ၃ ယောက်၊ ဂျပန်ဘာသာဌာနက ဆရာ၊ဆရာမ ၁၂ ယောက်၊ ဘာသာဗေဒဌာနက ဆရာမ ၄ ယောက်၊ အရှေ့တိုင်းပညာဌာ နက ဆရာမ ၂ ယောက်၊ ရုရှားဘာသာဌာနက ဆရာမ ၃ ယောက် အသီးသီး ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်စတဲ့ နည်းလမ်းအမျိုးမျိုးအသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၂ လကျော်ရှိခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိ ကျဆုံးသူပေါင်း ၇၀၀ ကျော်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013