DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့၌ ပိုသူလှူ လိုသူယူ အစီအစဉ်တားမြစ်ခံရသဖြင့် တအိမ်တက်ဆင်းလှူဒါန်း
DVB
·
April 10, 2021
ဗန်းမော်မြို့၌ ပိုသူလှူ လိုသူယူ အစီအစဉ်တားမြစ်ခံရသဖြင့် တအိမ်တက်ဆင်းလှူဒါန်း
Donate to DVB

ဗန်းမော်မြို့မှာ လိုရင်ယူ ပိုရင်လှူ အစီအစဉ် တားမြစ်ခံရတဲ့အတွက် တအိမ်တက်ဆင်း လူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဧပြီ ၈ ရက်နေ့က တက်ကြွလူငယ်တွေနဲ့ အမျိုးသမီးတွေ ဦးဆောင်ပြုလုပ်ခဲ့ကြတဲ့ လိုရင်ယူ ပိုရင်လှူ အစီအစဉ်အဖြစ် နိုင်ငံရေးအကျပ်အတည်းကြား စားဝတ်နေရေးခက်ခဲနေသူတွေအား တပိုင်တနိုင်အခမဲ့ လှူဒါန်းခဲ့ရာမှာ တားမြစ်ခံခဲ့ရတာပါ။

အဲဒီနေ့က စစ်ကောင်စီဝင်တွေနဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်အချို့က စောင့်ကြည့်သတင်းယူခဲ့ပြီး အစီအစဉ်ပြီးဆုံးချိန် ညနေပိုင်းမှာ ဦးဆောင်သူအချို့အား ခေါ်ယူကာ လူစုလူဝေးဖြစ်တယ်ဆိုပြီး တားမြစ်ပိတ်ပင်ခြိမ်းခြောက်ခဲ့တယ်လို့ ဗန်းမော်ဒေသခံအချို့က ပြောပါတယ်။

ဒါကြောင့် ဗန်းမော်မြို့ ဒေသခံတွေ ခံပြင်းဒေါသထွက်နေကြပြီး အလှူရှင်တွေ ပေးပို့တာတွေကို ဧပြီ ၁၀ ရက်နေ့က တစ်အိမ်တက်ဆင်းသာ လိုရင်ယူ ပိုရင်လှူ အစီအစဉ်အား ပြုလုပ်ခဲ့ရတယ်လို့ သိရှိရပါတယ်။

ဗန်းမော်မြို့မှာ အကြမ်းဖက်စစ်ကောင်စီဝင်တွေနဲ့ လက်ပါးစေ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအကြောင်းပြကာ နေ့ညမရွေးတင်းကျပ်နေပြီး ဖုန်းတေါကို ရှောင်တခင်စစ်ဆေးတာ၊ နေ့ညအချိန်မရွေးလက်နက်ကိုင်ပြီး လှည့်လည်တာ၊ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူတွေအား ဖမ်းဆီးတာ၊ CDM ပြုလုပ်သူတွေအား ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013