DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုက ခန့်အပ်သူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် အသိအမှတ်မပြုကြောင်း CRPH ထုတ်ပြန်
DVB
·
April 9, 2021
စစ်အုပ်စုက ခန့်အပ်သူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် အသိအမှတ်မပြုကြောင်း CRPH ထုတ်ပြန်
Donate to DVB

အာဏာသိမ်းစစ်အုပ်စုက ခန့်အပ်တဲ့ ဘယ်သူ့ကိုမဆို နိုင်ငံ့ဝန်ထမ်းအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ထားပါတယ်။

       ဒါဟာ ဒုတိယသမ္မတ မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၃/၂၀၂၁ ဆုံးဖြတ်ချက်အရ ဧပြီ ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါ တယ်။

အခုအချိန်ဟာ တရားမဝင်အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတော်အာဏာကို လက် နက်အားကိုးနဲ့ အကြမ်းဖက်လုယူထားတဲ့ အချိန်ဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းကောင်း အရာထမ်း၊ အမှုထမ်းတွေဟာ ပြည်သူ့အာဏာဖီဆန်မှုလုပ်ငန်းစဉ်(CDM)နဲ့ ရဲဝံ့ စွန့်စား စွာ အာခံတော်လှန်နေတဲ့ အခါသမယဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်းကောင်း အာဇာနည်တွေရဲ့ ထိရောက်အောင်မြင်တဲ့ ပြည်သူ့အာဏာ ဖီဆန်မှုလုပ်ငန်းစဉ်(CDM)ကြောင့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံ့အုပ် ချုပ်ရေးယန္တရားကို ပုံမှန်လည်ပတ်နိုင်ခြင်းမရှိဘဲ အကျပ်အတည်းဆိုက် အထိနာနေတယ် လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီဟာ သူတို့အာဏာတည်မြဲရေးအတွက် CDM လှုပ်ရှားမှု ဆောင်ရွက်နေကြတဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်စေဖို့ နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး ခြိမ်းခြောက် အရေးယူနေပေမယ့်  ထိရောက်အောင်မြင်မှုမရှိတဲ့အတွက် ဝန်ထမ်းသစ်တွေ ရွေးချယ်လေ့ကျင့် ခန့်ထားနိုင်ဖို့ အလုပ်လျှောက်လွှာတွေခေါ်ယူကာ အပူတပြင်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

CRPH အနေနဲ့ အာဏာသိမ်းစစ်ကောင်စီမှ တရားမဝင်အာဏာလုယူလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး နိုင်ငံ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ခန့်ထားခြင်း ဆိုင်ရာလုပ်ငန်းစဉ်တွေ အားလုံးကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားကြောင်းလည်း ထုတ်ပြန် ချက်နဲ့အတူ အသိပေးထားတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ CRPH အနေနဲ့ စစ်အုပ်စုဩဇာခံ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နဲ့ သက် ဆိုင်ရာ ဝန်ကြီးဌာနအကြီးအကဲတွေက ရွေးချယ်ခန့်အပ်တဲ့ ဘယ်သူ့ကိုမှ နိုင်ငံ့ ဝန်ထမ်းအဖြစ် အသိအမှတ်မပြုတဲ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ အပေါင်းပါတွေအဖြစ် သတ်မှတ်အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်စတဲ့ နည်းလမ်းအမျိုးမျိုး အသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013