DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်၌ ကရင်ရွာထဲ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ အမျိုးသမီး ၁ ဦးပါ ၃ ဦး ဒဏ်ရာရ
DVB
·
April 9, 2021
ဖာပွန်ခရိုင်၌ ကရင်ရွာထဲ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ အမျိုးသမီး ၁ ဦးပါ ၃ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုဖြစ်တဲ့  (စကခ ၈)လက်အောက်ခံ (ခလရ-၄၀၅) မောလိုကလိုးစခန်းကနေ ကရင်ပြည်သူတွေနေထိုင်တဲ့ ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် ရွာသား ၄ ယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။ 

အဲဒီထိခိုက်ဒဏ်ရာ ရသွားတဲ့ သူတွေထဲမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား ၃ ယောက် ပါဝင်တယ်လို့ သိရပါတယ်။ 

ဧပြီ ၈ ရက်နေ့ ညနေ ၆ နာရီခွဲကျော်လောက်ကvလည်း ပေါ်ခေးခို အခြေစိုက် တပခ ခမရ-၂၀ တပ်စခန်းကနေ  လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကရင်ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ယဲမူပလောအုပ်စု မေဖွဲထာကျေးရွာမှ အသက် ၆၀ အရွယ် စောကီဘူးကို ထိမှန်သေဆုံးခဲ့တယ်လို့ ကေအန်ယူပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

အကြမ်းဖက်အာဏာသိမ်းစစ်တပ်က နယ်မြေကျော်လွန်မှုတွေလုပ်ခဲ့ပြီး ပြည်သူတွေ နေထိုင်တဲ့ရွာကို လက်နက်ကြီးနဲ့ ပစ်တာက အန်စီအေစာချုပ်ကိုချိုးဖောက်နေတာဖြစ်တယ်လို့ KNLA တပ်မဟာ (၅)တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013