DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် PSI စလောင်းများကို အကြမ်းဖက်စစ်ကောင်စီက လိုက်လံသိမ်းဆည်း
DVB
·
April 9, 2021
ဘားအံတွင် PSI စလောင်းများကို အကြမ်းဖက်စစ်ကောင်စီက လိုက်လံသိမ်းဆည်း
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့မှာ ဧပြီ ၉ ရက်နေ့က  အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က  PSI ဂြိုဟ်တု စလောင်းတပ်ဆင်ထားတဲ့နေအိမ်တွေနဲ့ အရောင်းဆိုင်​တွေကို လိုက်လံဖြုတ်ယူသိမ်းဆည်းတာတွေ ပြုလုပ်နေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

“ဒီနေ့ပဲ အုပ်ချုပ်ရေးနဲ့ရဲတွေက လိုက်လံသိမ်းဆည်းတာ။ ကျမတို့ ပြည်သူတွေက ကိုယ်ပိုင်ချွေးနဲစာနဲ့ ဝယ်ထားတာ။ မသိရင် သူတို့က ပေးထားတဲ့အတိုင်းပဲ။ စလောင်းအရောင်းဆိုင်တွေပါမကျန် သိမ်းဆည်းတယ်" လို့ အသိမ်းဆည်းခံရတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

PSI စလောင်းကနေ နိုင်ငံတကာသတင်းတွေအပြင် မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ စစ်အာဏာရှင်£တော်လှန်ရေး ဆန္ဒပြသတင်းတွေကို အချိန်နဲ့တပြေး ညီ ထုတ်လွှင့်နေတဲ့ DVB၊  Mizzima Channel ရုပ်သံလိုင်းတွေကနေ ပြည်သူတွေ သတင်းကြည့်ခွင့်၊ သိပိုင်ခွင့်မရအောင် သတင်းအမှောင်ချဖို့ စစ်ကောင်စီက ဆောင်ရွက်နေတာပါ။

PSI စလောင်းကနေ့ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေတင်ဆက်ပေးနေတဲ့ DVB ရုပ်သံသတင်းတွေကို ဧပြီ ၉ ရက် ညနေ့ပိုင်းကစတင်ပြီး PSI စလောင်းကနေ ကြည့်ရှု့ခွင့်မရတော့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013