DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက PSI စလောင်းများ လိုက်လံသိမ်းဆည်း
DVB
·
April 8, 2021
ဧရာဝတီတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက PSI စလောင်းများ လိုက်လံသိမ်းဆည်း
Donate to DVB

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့မှာ အကြမ်းဖက်စစ်ကောင်စီက သတင်းအမှောင်ချဖို့ ရည်ရွယ်ချက်နဲ့ PSI စလောင်းတွေကို လိုက်လံသိမ်းဆည်း ဖြုတ်ယူတာတွေကို ပြုလုပ်နေတယ်လို့  ဒေသခံပြည်သူတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် သတ်ဖြတ် ဖမ်းဆီး ဖိနှိပ် မတရား လုပ်ဆောင်ချက်တွေကို နိုင်ငံတဝန်း PSI စလောင်းတွေကတဆင့် Mizzima နဲ့ DVB စတဲ့ ရုပ်သံဌာနတွေက တိုက်ရိုက်ထုတ်လွှင့်ပေးနေတာပါ။

ကျုံပျော်မြို့မှာ နေထိုင်သူတစ်ဦးက “မနက်ကတည်းက  ရပ်ကွက်ရုံးက ပြောခိုင်းတာလို့ဆိုပြီး စျေးထဲမှာလာပြောတယ်၊ PSI တပ်ထားတဲ့သူတွေ အကုန်လုံး ဒီနေ့အပြီးဖြုတ်ပြီး ရုံးကိုလာအပ်ရမယ် မအပ်ရင်ဖမ်းမယ်ဆိုလို့ အကုန်လုံးဖြုတ်ကြရတယ်၊ စလောင်းလိုက်ဆင်ပေးတဲ့ သူတွေကိုပါ ခေါ်သတိပေးတယ်၊ ရုံးကိုဖြုတ်ပြီးသွားအပ်ကြတာတွေ အများကြီးပဲ”လို့ ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာ တပ်ဆင်ထားတဲ့ စလောင်းတွေကို  ဖြုတ်သိမ်းစေရုံသာမက အရောင်းဆိုင်တွေက စလောင်းတွေကိုလည်း လိုက်လံသိမ်းဆည်းမှုတွေ ပြုလုပ်နေခဲ့ပါတယ်။

ဟင်္သာတမြို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက  “အခုလေးတင် လာသိမ်းသွားတာ PSIစက်တွေရော ဗန်းတွေရော အကုန်လုံးသိမ်းသွားတယ်။ နောင်မရောင်းဖို့လည်း ပြောသွားတယ်၊ ထူးကြီးဘက်ဆိုင်မှာဆိုရင် တွေ့သမျှ စလောင်းတွေရော ပိုက်ဆံတွေပါ ယူသွားတယ်လို့ကြားတယ်”လို့ ပြောပါတယ်။

ကန်ကြီးထောင့်မြို့မှာလည်း PSI စလောင်းဗန်းရောင်းချတဲ့ ဆိုင်တွေကို မရောင်းချဖို့ တပ်ထား တဲ့နေအိမ်တွေကိုလည်း ဖြုတ်ဖို့အတွက် လိုက်လံပြောဆိုတာတွေ ရှိနေတယ်လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

" အင်တာနက်မရှိတဲ့နောက်ပိုင်း အားလုံးက ဒီ PSI စလောင်းက ဖမ်းမိတဲ့ သတင်းတွေကိုပဲ အားကိုနေရတာပါ။ မြဝတီနဲ့ မြန့်မာအသံက သိတဲ့အတိုင်း ဒီစစ်တပ်ရဲ့ကောင်းကြောင်းနဲ့ အလိမ်အညာတွေပဲ သိရတာ နိုင်ငံထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတဲ့ သတင်းမှန် မပါဘူး။ အဲ့တာကြောင့် PSI ဗန်းကို အားကိုနေရတာ ဖြုတ်ဖို့က ဒီမနက်မှလိုက်ပြောတာပါ''။

အခုလို PSI စလောင်းတွေကို  စစ်အုပ်စုက လိုက်လံဖြုတ်သိမ်းနေတာဟာ ပြည်သူတွေသိချင်တဲ့ သတင်းမှန်တွေကို ထုတ်လွှင့်ပေးနေတဲ့  DVB နဲ့ MIZZIMA လို ရုပ်သံချယ်နယ်တွေကို  မကြည့်ရှုနိုင်အောင် လုပ်ဆောင်နေတာပဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မွန်ပြည်နယ်အတွင်းက  မြို့နယ်တချို့မှာလည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက   PSI စလောင်း‌တွေကို ဒီကနေ့ ဧပြီလ ၈ ရက်နေ့ ကစပြီး လိုက်လံသိမ်းဆည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဟာ  ပြည်သူတွေ သတင်းမှန်တွေ သိခွင့်မရအောင် သတင်းမီဒီယာတွေကို ထုတ်ဝေခွင့်ရပ်ဆိုင်းတာ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာနဲ့  အင်တာနက်တွေကို  ဖြတ်တောက်တာတွေလည်း လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013