
ရန်ကုန်မြို့က နေရာတချို့မှာ ဧပြီ ၈ ရက်မနက်က Marching Shoe Strike (ခြေလှမ်းတိုင်းမှာ ပန်းတွေပွင့်တယ်) ကမ်ပိန်းပြုလုပ်ပြီး အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြပါတယ်။
အဆိုပါ ကန်ပိန်းဟာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ အာဇာနည်စိတ်ဓာတ်နဲ့ ခြေလှမ်းများကို ဂုဏ်ပြုရင်း မရပ်တန့်သွားမယ့် ခြေလှမ်းများနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။
Marching shoes strike လှုပ်ရှားမှုကို ယနေ့ တစ်ဦးချင်းအလိုက်ဖြစ်စေ၊ စုပေါင်းဖြစ်စေ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ ကားမှတ်တိုင်တွေ၊ လမ်းတွေ၊ နေအိမ်တွေမှာ ပါဝင်လှုပ်ရှားနေပါတယ်။











