DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုသက်သေ ၂၇၀,၀၀၀ ကျော်ရှိဟု CRPH ထုတ်ပြန်
DVB
·
April 8, 2021
စစ်တပ်ကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုသက်သေ ၂၇၀,၀၀၀ ကျော်ရှိဟု CRPH ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ရဲတပ်ဖွဲ့က ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့တဲ့ သက်သေအထောက်အထားပေါင်း ၂၇၂,၂၀၉ ကျော်ကို လက်ခံရရှိထား တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။

ဒီအထောက်အထားတွေအရ စစ်တပ်က အရပ်သား ပြည်သူလူထုကို နိုင်ငံအနှံ့ အ စီအစဉ်ချမှတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ပြသနေတယ် လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဧပြီ ၇ ရက်က မြန်မာနိုင်ငံ ဥပဒေရေးရာကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ဆိုင်ရာယန္တယား IIMM အဖွဲ့ အကြီးအကဲတွေ ပထမအ ကြိမ် တွေ့ဆုံမှု အပြီးမှာ ခုလိုထုတ်ပြန်ထားတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နဲ့ အဲဒီနောက်ပိုင်း ကာလတွေမှာ စစ်တပ်က ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးတာတွေ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းတွေကို ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

          ဒီလိုတွေ့ဆုံမှုကို တရားဝင် ပါလီမန်က ခန့်အပ်ထားတဲ့  ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ကတဆင့် ဆောင်ရွက်တာဖြစ်ပြီး ဆက်လက်ပြီးတော့ တွေ့ဆုံဆွေးနွေးမှုတွေအတွက်လည်း လာမယ့် ရက်တွေထဲ စီစဉ်ထားတယ်လို့ ဆိုပါ တယ်။

          ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဟာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေကို အနီးကပ် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြီးလေးဆုံး နိုင်ငံ တကာရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေ ကျူးလွန်တဲ့ အထောက်အထားတွေကို ထိန်းသိမ်းပြီး စိစစ်သုံးသပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာယန္တရားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီယန္တရားက သက်သေအထောက်အထားတွေကို စိစစ်သုံးသပ်ဖို့နဲ့ နိုင်ငံအဆင့် ဒါမှမဟုတ် နိုင်ငံတကာတရားရုံးတွေမှာ ရာဇဝတ်မှုကျူးလွန်မှုအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေကို တရားစွဲဆိုမှုတွေပြုလုပ်ရာမှာ လွယ်ကူချောမွေ့စေဖို့ အထောက်အကူပြုတဲ့ အမှုတွဲတွေကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013