Home
မြန်မာသတင်း
တန့်ဆည်မြို့၌ အကြမ်းဖက်စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးကျဆုံး၊ ၁၁ ဦး ဒဏ်ရာရ
DVB
·
April 7, 2021
170180563_2807782406203331_7963564843913626742_n

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မှာ  ဒီကနေ့ ဧပြီ ၇ ရက် ညနေ ၃ နာရီက ရဲနဲ့ စစ်တပ်ရဲ့  အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျဆုံးပြီး အနည်းဆုံး ၁၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

“အခုက ရေဦးဘက်ကို ရဲကား ၃ စီးလာတယ်။ သပိတ်ဖြိုခွင်းမယ်ဆိုပြီး တန့်ဆည်မြို့ရောက်လာတယ်။ ပြည်သူတွေခံ တိုက်တယ်။ ပြည်သူ့ ၁ ဦးကျဆုံးပြီး ၁၁ ဦးထိ ဒဏ်ရာရတယ်” လို့  တန့်ဆည်ဒေသခံတစ်ဦးက ပြောပါတယ်။

တန့်ဆည်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို နေ့စဉ် ငြိမ်းချမ်းစွာပြုလုပ်နေကြတာဖြစ်ပြီး ဒီနေ့မနက်မှာလည်း  ဒေသခံတွေနဲ့ မြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူလူထု သောင်းချီပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024