DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် စကားဝိုင်း ယနေ့ညနေအွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်
DVB
·
April 7, 2021
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် စကားဝိုင်း ယနေ့ညနေအွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်
Donate to DVB

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့  ပတ်သက်တဲ့ စကားဝိုင်းဆွေးနွေးပွဲတရပ်ကို ကျင်းပသွားဖို့ ရှိနေပြီး ဒီကနေ့ ညနေ ၆ နာရီမှာ အွန်လိုင်းပေါ်က တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့ Yangon University Open Political Society (YUOPS) တို့ စီစဉ်ကျင်းပတဲ့ ဒီစကားဝိုင်းမှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU မှ တာဝန်ရှိသူတဦး၊ Legal Aid Network တည်ထောင်သူ ဦးအောင်ထူး၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုရန်စိုးပိုင်၊ General Strike Committee of Nationalities (GSCN) မှ တာဝန်ရှိသူတဦးတို့ ပါဝင်ဆွေးနွေးသွား ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ပြီးခဲ့တဲ့ မတ် ၃၁ ရက် က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်းနဲ့  ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် Federal Democracy Charter  ကို ထုတ်ပြန်ကြေညာထားပါတယ်။

လတ်တလောမှာတော့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့ ပတ်သက်ပြီး ဒီစကားဝိုင်းမှာ ဘာတွေဆွေးနွေးသွားကြမလဲဆိုတာကိုတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ- https://www.facebook.com/UYstudentsunion ပေါ်ကတဆင့် တိုက်ရိုက် ကြည့်ရှုနိုင် မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013