DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထောက်အထားပေါင်း ၁၈၀,၀၀၀ ရရှိ
DVB
·
April 7, 2021
မြန်မာစစ်တပ်ကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထောက်အထားပေါင်း ၁၈၀,၀၀၀ ရရှိ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ရဲတပ်ဖွဲ့က ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ သက်သေအထောက်အထားပေါင်း ၁၈၀,၀၀၀ ကို လက်ခံရရှိထားပြီး ဒီအထောက်အထားတွေအရ စစ်တပ်ဟာ  လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ကြောင်း ပြသနေတယ်လို့ CRPH ကကြေညာပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက ဧပြီ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလာတာ ဖြစ်ပါတယ်။ 

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအထဲမှာ ဥပဒေမဲ့ သတ်ဖြတ်မှု ၅၄၀ ကျော်၊ ဖမ်းဆီးထားစဉ် နိုင်ငံရေးအကျဉ်းသား သေဆုံးမှု ၁၀ ဦးကျော်ရှိပြီး ဖမ်းဆီးခံထားရသူတွေကို နှိပ်စက်ညှဉ်းပန်းတာတွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေစေနိုင်တဲ့ အင်အားအလွန်အကျွံသုံးပြီး နေရာအနှံ့အပြားမှာ ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဆောင်ရွက်ခဲ့တာ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ချိုးဖောက်တာ၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်တာ  သတင်းထောက်တွေ ၊ သတင်းမီဒီယာကုမ္ပဏီတွေနဲ့ ဓာတ်ပုံဆရာတွေကိုလည်း ပစ်မှတ်ထား ဖမ်းဆီးတာ၊ အင်တာနက်အသုံးပြုခွင့်ကို ကန့်သတ်ပိတ်ပင်တာ၊ အင်တာနက်မှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်တဲ့လုပ်ရပ်တွေ လုပ်ဆောင်တာလည်းရှိခဲ့တယ်လို့ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်ကစပြီး စစ်တပ်က မြန်မာပြည်သူတွေနဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတာနဲ့ပတ် ဒီကနေ့ ဧပြီ ၇ ရက်နေ့မှာ CRPH ရဲ့ မြန်မာနိုင်ငံ  ဥပဒေရေးရာ ကိုယ်စားလှယ်တွေနဲ့  ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုဆိုင်ရာယန္တယား (IIMM) အဖွဲ့အကြီးအကဲတို့ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013