အဲဗာတန်နှင့် ၂ ဂိုးစီ သရေကျခဲ့သည့်အပေါ် မန်ယူနည်းပြ ကာရစ် စိတ်ပျက်
DVB
·
September 7, 2026
မန်ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ပထမ ၃ ပွဲမှာ ၅ မှတ်အထိ ဆုံးရှုံးခဲ့ပါတယ်။
ဒီပွဲမှာ မန်ယူနိုက်တက်အသင်းဟာ နိုင်ပွဲရဖို့ နီးစပ်ခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ချေပဂိုး ပြန်လည်ပေးလိုက်ရတာပါ။
ပွဲအပြီးမှာ မန်ယူနိုက်တက် နည်းပြ မိုက်ကယ် ကာရစ်က အမှတ် ၃ မှတ် ရယူနိုင်ခဲ့သင့်တာကြောင့် စိတ်ပျက်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အသင်းအနေနဲ့ ပွဲစဉ်တိုင်းမှာ ၂ ဂိုးစီ ပေးနေရတဲ့ပုံစံကို မဖြစ်မနေ ပြင်ဆင်ရမှာဖြစ်ပြီး ခံစစ်ပိုင်း ပိုမိုခိုင်မာဖို့ လိုအပ်နေကြောင်းလည်း ကာရစ်က ဆိုပါတယ်။











