အမေရိကန်အမျိုးသားအသင်း နည်းပြ ပိုချက်တီနိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ရာထူး ကမ်းလှမ်းမှုကို လက်ခံဖို့ အသင့်ရှိနေတယ်လို့ BBC Sport က ဖော်ပြပါတယ်။
မန်ယူအသင်းဟာ လက်ရှိနည်းပြ မိုက်ကယ်ကာရစ်ကို လာမဲ့ ၄၈ နာရီအတွင်း ရာထူးကနေ အနားပေးဖို့ ရှိနေပြီး သူ့နေရာမှာ အစားထိုးဖို့ ပိုချက်တီနိုနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဆိုပါတယ်။
အမေရိကန်ဘောလုံးအဖွဲ့ချုပ်ကလည်း မန်ယူဘက်က တရားဝင် ချဉ်းကပ်လာဖို့ မျှော်လင့်ထားပြီး နည်းပြထွက်သွားရင် အစားထိုးဖို့ အစီအစဉ်တွေ ကြိုတင်ပြင်ဆင်ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပိုချက်တီနိုကို ခေါ်ယူဖို့အတွက် မန်ယူအသင်းက စာချုပ်လျော်ကြေး ဒေါ်လာ ၁၀ သန်း ပေးချေရမှာ ဖြစ်ပါတယ်။
ဒီလိုသတင်းတွေထွက်နေပေမဲ့ လက်ရှိနည်းပြ မိုက်ကယ်ကာရစ်ကတော့ အသင်းရဲ့ ပုံမှန် လေ့ကျင့်ခန်းအစီအစဉ်တွေကို ဗုဒ္ဓဟူးနေ့အထိ ဦးဆောင်နေဆဲဖြစ်တယ်လို့ နိုင်ငံတကာ အားကစားသတင်းတွေအရ သိရပါတယ်။











