DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသမဂ္ဂများက CRPH ထံ ဖက်ဒရယ်ဒီမိုကရေစီပညာရေး ကတိပြုချက် တောင်းဆို
DVB
·
April 4, 2021
ကျောင်းသားသမဂ္ဂများက CRPH ထံ          ဖက်ဒရယ်ဒီမိုကရေစီပညာရေး ကတိပြုချက် တောင်းဆို
Donate to DVB

မြန်မာနိုင်ငံတဝန်းက တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ ကျောင်းသားသမဂ္ဂပေါင်း ၁၂၀ ကျော်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ထံကို အချက် ၉ ချက်ပါ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်ပညာရေးအတွက်  ကတိပြုလွှာကို တောင်းဆိုလိုက်ပါတယ်။

အဆိုပါ ကတိပြုလွှာထဲမှာတော့ ပညာရေးဟာ လူ့အခွင့်အရေး ဖြစ်တဲ့အပြင် ဖွဲ့ စည်းပုံအခြေခံဉပဒေဆိုင်ရာ အခွင့်အရေးလည်း ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပညာ ရေးစနစ်အတွက် အာမခံချက်ထားရှိခြင်းဟာ လူမျိုးကြီးဝါဒနဲ့ ဖက်ဆစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးမှာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်တယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားခဲ့တာပါ။

ဒါကြောင့်မို့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးအတွက် အချက် ၉ ချက်ကို အာမခံချက် အမြန်ဆုံးပေးဖို့ လိုအပ်ကြောင်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အချက် ၉ ချက်ကတော့ ပညာရေးမူဝါဒ၊ ဉပဒေများ၊ နည်းဉပဒေများ၊ ဆက်စပ်ဉပဒေများ ရေးဆွဲရာတွင် ကျောင်းသား သမဂ္ဂကိုယ်စားလှယ်များ၊ ဆရာသမဂ္ဂကိုယ်စားလှယ်များနှင့် ပညာရှင်များ ပါဝင်ရေး၊ တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ပညာရေးလွတ်လပ်ခွင့်ရရေး၊ လူမျိုးအလိုက်၊ ဒေသအလိုက်၊ ကျောင်းအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့  ပညာရေးဖြစ်ဖို့ပါဝင်ပါတယ်။

ဒါ့အပြင် ဖက်ဒရယ်သဘောမူဝါဒများနှင့်အညီ လူမျိုးစုံဘာသာစကား၊ စာပေလွတ်လပ်ခွင့်နှင့် မိခင်ဘာ သာစကား အခြေပြုသော ဘာသာစကားစုံ ပညာရေး၊  လူတိုင်းအကျုံးဝင်ပညာရေး၊ ကျောင်းသားအားလုံး ပညာရေးအခွင့်အလမ်း သာတူညီမျှရရှိရေး၊ ပဋိပက္ခများကြောင့် နစ်နာဆုံးရှုံးရသူများ၏ ပညာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း ရေးနဲ့ အရည်အသွေးပြည့်မီရန်လိုအပ်ချက်ကို ဖြည့်ဆည်းသော ဘဏ္ဍာရေးမူဝါဒ ထားရှိရေးတို့ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂများရဲ့ ဧပြီ ၄ ရက် ရက်စွဲနဲ့ ဒီထုတ်ပြန်ချက်ကိုတော့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့အပါအဝင် မြန်မာနိုင်ငံတဝန်းက တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ ကျောင်းသားသမဂ္ဂပေါင်း ၁၂၁ ခု ပူးပေါင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013