DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စီးပွားရေးတက္ကသိုလ် CDM ပါဝင်မှု ၅၆ ဒသမ ၅ ရာခိုင်နှုန်းရှိဟု ကျောင်းသားများသမဂ္ဂထုတ်ပြန်
DVB
·
April 4, 2021
ရန်ကုန်စီးပွားရေးတက္ကသိုလ် CDM ပါဝင်မှု ၅၆ ဒသမ ၅ ရာခိုင်နှုန်းရှိဟု ကျောင်းသားများသမဂ္ဂထုတ်ပြန်
Donate to DVB

စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) မှာ ရာနှုန်းပြည့် မပါဝင်တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဒုတိယပါမောက္ခချုပ်တွေ အပါအဝင် Non CDM ဆရာဆ ရာမတွေ ရဲ့ စာရင်းကို ကျောင်းသားများသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်း၊ ဒုတိယ ပါမောက္ခချုပ်တွေ ဖြစ်ကြတဲ့ ဒေါက်တာ နီလာမြင့်ထူး၊ ဒေါက်တာ ခင်သီတာငြိမ်း၊ ဒေါက်တာ မြသန္တာတို့အပါအဝင်  သင်တန်းရေးရာ(ဌာနမှူး) ဦးသန်းစိုးဦးတို့ တို့အားလုံးဟာ CDM လှုပ်ရှားမှုမှာ ရာနှုန်းပြည့် မပါဝင်ကြောင်း ဖော်ပြထားခဲ့တာပါ။

Ph.D ဘွဲ့တွေထိ မဆုံးနိုင်အောင် ယူထားကြပြီး၊ "တက္ကသိုလ်အာဏာပိုင်" ဆိုတဲ့ ရာထူးတွေပါ ယူထားကြပါလျက်နဲ့ မိမိ​တက္ကသိုလ်​ရဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆ ရာ၊ ဆရာမတွေကို မရပ်တည်ပေး မကာကွယ်ပါဘဲ စစ်ကောင်စီလက်အောက်မှာ ကျွန်ခံနေကြတဲ့ တက္ကသိုလ်အာဏာပိုင် အမည်ခံ နိုင်ငံသစ္စာဖောက် လောက်ကောင်တွေကို ကျောင်းသားထုတရပ်လုံးမှ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီစာရင်းထဲမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် သက်ဆိုင်ရာ ဘာသာရပ် တွေအလိုက်၊ ဌာနအလိုက် CDM လှုပ်ရှားမှုမှာ ပါဝင်ခြင်းမရှိတဲ့ ဆရာ၊ ဆရာမတွေကိုပါ နာမည်နဲ့ ရာထူး၊ ပါဝင်မှုရာခိုင်နှုန်းအလိုက် ဖော်ပြထားခဲ့ပြီး တကျောင်းလုံး CDM ပါဝင်မှု ရာခိုင်နှုန်း ၅၆ ဒသမ ၅ ရာခိုင်နှုန်းရှိနေတယ်လို့ ဆိုပါတယ်။

          ဌာနအလိုက် CDM ပါဝင်မှုရာခိုင်နှုန်းဖော်ပြချက်မှာတော့ ပါမောက္ခချုပ်နဲ့ ဒုတိယ ပါမောက္ခချုပ်တွေက ၀ ရာခိုင်နှုန်း၊ ဘောဂဗေဒဌာနက ၆၃ ဒသမ ၂ ရာခိုင်နှုန်း၊ အသုံးချ ဘောဂဗေဒဌာနက ၅၅ ဒသမ ၂ ရာခိုင်နှုန်း၊ ဝါဏိဇ္ဇဗေဒဌာနက ၄၇ ဒသမ ၈ ရာခိုင်နှုန်း၊  စီမံခန့်ခွဲမှုပညာဌာက ၆၇ ဒသမ ၆ ရာခိုင်နှုန်း၊ စာရင်းအင်းပညာဌာနက ၅၃ ဒသမ ၃ ရာခိုင်နှုန်း၊ အသုံးချစာရင်းအင်းပညာဌာနက ၅၀ ရာခိုင်နှုန်း၊ မြန်မာစာဌာနက ၇၅ ရာ ခိုင်နှုန်း၊ သင်္ချာဌာနက ၇၇ ဒသမ ၈ ရာခိုင်နှုန်း၊ အင်္ဂလိပ်စာဌာနက ၇၅ ရာခိုင်နှုန်း၊ ပထဝီ ဝင်ဌာနက ၉ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်စတဲ့ နည်းလမ်းအ မျိုးမျိုး အသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၂ လကျော်ရှိခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိ ကျဆုံးသူပေါင်း ၅၅၀ ကျော်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013