DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို NLD ထောက်ခံ၊ ၂၀၀၈ ခြေဥဖျက်သိမ်းမှုကို သဘောတူကြောင်း ကြေညာ
DVB
·
April 3, 2021
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို NLD ထောက်ခံ၊ ၂၀၀၈ ခြေဥဖျက်သိမ်းမှုကို သဘောတူကြောင်း ကြေညာ
Donate to DVB

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ထုတ်ပြန်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုထောက်ခံတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က ဒီကနေ့ ဧပြီ ၃ ရက်နေ့မှာ သဘောထားထုတ်ပြန် ကြေညာပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥဒေကို အပြီးသတ်ဖျက်သိမ်းကြောင်း(CRPH)ရဲ့ ကြေညာချက်ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သဘောတူ ထောက်ခံတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အန်အယ်လ်ဒီအနေနဲ့ ၁၉၈၈ ခုနှစ် ပါတီတည်ထောင်ကာစကပင် အနာဂတ်နိုင်ငံတော်အား ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ ပြည်ထောင်စုတည်ထောင်ရန် ပိုင်းဖြတ်ထားခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အန်အယ်လ်ဒီအနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက်  ဘုံရည်မှန်းချက်တူတဲ့ နိုင်ငံရေး အင်အားစုအားလုံးနဲ့ လက်တွဲကာ အရေးတော်ပုံအောင်မြင်တဲ့အထိ ပါဝင်ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့ ဒီကနေ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီထိပ်တန်းခေါင်းဆောင်တွေ လွှတ်တော်အမတ်တွေကိုသာမက  ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်  ရပ်ကျေးအဆင့် ပါတီခေါင်းဆောင်တွေကိုပါ စစ်အုပ်စုက မတရားဖမ်းဆီးထောင်ချထားချိန်မှာ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။ 

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်းကြေညာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် Federal Democracy Charter  ကိုလည်းတပြိုင်တည်း ထုတ်ပြန်  ကြေညာခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အာဏာရှင်ဝါဒ သက်ဆိုးရှည်စေဖို့  ရည်ရွယ်ရေးသား ထားရုံမျှမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုဖြစ်တယ်၊ အကြမ်းဖက်စစ်ကောင်စီဟာ  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁  ရက်နေ့မှာ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို  ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်ခဲ့ပြီး ဖြစ်တယ်လို့ CRPH ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013