DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ယနေ့နံနက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်းကျဆုံး
DVB
·
April 3, 2021
မုံရွာတွင် ယနေ့နံနက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်းကျဆုံး
Donate to DVB

မုံရွာမြို့မှာ ဧပြီ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ကနေ စတင်ကာ စစ်တပ်နဲ့ ရဲတို့က နန္ဒဝန်ရပ်ကွက်ရှိ အောင်မဟာလမ်း၊ အေးရိပ်သာလမ်းတို့ကို ဝင်ရောက်စီးနင်းပြီး ပစ်ခတ်လို့ ပြည်သူအနည်းဆုံး ၂ ဦးထက်မနည်းကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

Medical Team အဖွဲ့ဝင် တစ်ဦးက “ကျနော်တို့  အတည်ပြုပေးနိုင်တာကတော့ ၂ ဦးရှိပြီ။ ဦးခေါင်းပွင့်ထွက်တစ်ဦးနဲ့ လည်ပင်းမှန်တဲ့တစ်ဦးပေါ့။ နောက်ထပ်ခေါင်းထိတစ်ဦးလည်း ထပ်ကြားနေတယ်။ အဲဒါက ကျနော်တို ဆီမရောက်လာသေးဘူး။ ပြီးတော့ သူတို့ဘက်က ကောက်သွားတာ တစ်ယောက်ရှိတယ်လို့လည်း သိရတယ်။ အတည်တော့ မပြုနိုင်သေးဘူး။ လောလောဆယ် ဆီးခုံထိမှန်သူတစ်ယောက်လည်း ကုသပေးနေတယ်။”လို့ အတည်ပြု ပြောဆိုပါတယ်။

အကြမ်းဖက်တပ်တွေဝင်ရောက်စီးနင်းတဲ့ရပ်ကွက်နေရာတွေက မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ပင်မသပိတ်စစ်ကြောင်း စုဝေးချီတက်နေတဲ့ နေရာတွေလည်းဖြစ်နေပါတယ်။

ဒီနေ့မှာတော့ အကြမ်းဖက်တပ်တွေက အရင်ဝင်ရောက်စီးနင်းတဲ့အတွက် သပိတ်စစ်ကြောင်း စတင်စုဝေးချိန်ပဲမှာပဲ လူစုခွဲခဲ့ရပါတယ်။

လက်ရှိမှာ သပိတ်စစ်ကြောင်း စုဝေးရာနေရာတွေကို အကြမ်းဖက်တပ်တွေက ခြေလျင်ဝင်ရောက်ကာ ပိတ်ညှပ် ဖမ်းဆီးဖို့ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်ထိ မုံရွာမှာ အကြမ်းဖက်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသူ ၁၀ ဦးထက်မနည်းရှိနေပြီလည်း ဖြစ်ပါတယ်။

ဒီနေ့ပစ်ခတ်မှုကြောင့် ရပ်ကွက်တချို့က သက်ကြီးရွယ်အိုတွေ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေကို သွားရောက်ရှောင်တိမ်းနေကြရပါတယ်။ ဒါ့အပြင် စတိုးဆိုင်တချို့ကိုလည်း  ဝင်ရောက်လုယက်တာတွေရှိနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ- ဧပြီလ ၂ ရက်က မုံရွာမြို့မှာပြုလုပ်တဲ့ လူထုသပိတ် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013