DVB Logo
Home
မြန်မာသတင်း
CRPH အသိအမှတ်ပြုရန် ဂျပန်အစိုးရအား မြန်မာလူငယ် GenZ များ အပြင်းအထန်တိုက်တွန်း
DVB
·
April 3, 2021
CRPH အသိအမှတ်ပြုရန် ဂျပန်အစိုးရအား မြန်မာလူငယ် GenZ များ အပြင်းအထန်တိုက်တွန်း
1 / 10
Donate to DVB

ဂျပန်အစိုးရအနေနဲ့ ပြည်ထောင်စုလွှတ်ကိုယ်စားပြုကော်မတီ (CRPH) ကို အသိအမှတ်ပြုဖို့  မျိုးဆက်သစ် GenZ တွေအပါအဝင်‌ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက အပြင်းအထန် တောင်းဆိုခဲ့ကြပါတယ်။

တိုကျိုမြို့အောက်လွှတ်တော်ရုံးအအုံအမှတ် ၁ မှာ ဧပြီလ ၂ ရက်နေ့က ကျင်းပတဲ့ လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်တဲ့ ဂျပန်အစိုးရဲ့ ပြန်လည်ဖြေကြားမှုအစီအစဉ်မှာ CRPH ကို အလျင်အမြန်အသိအမှတ်ပြုဖို့၊ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့စစ်အုပ်စုကို ထောက်ပံ့မှုမပြုလုပ်ဖို့ ဂျပန်အစိုးရကို တိုက်တွန်းတောင်းဆိုခဲ့ကြတာပါ။

တိုကျိုအင်ဂျင်နီယာတက္ကသိုလ် ဂုဏ်ထူးတန်းတက်နေသူ GenZ မမြတ်အိန္ဒာဆွေက “သမီးတို့ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီး ဂျပန်အစိုးရအပေါ် မေးခွန်း ၁၂ ချက်မေးခဲ့တာကို ဂျပန်အစိုးရတာဝန်ရှိသူများက ပြန်ဖြေရာမှာတိကျတဲ့ အဖြေမရဘူး ခံစားရလို့ ပိုပြီးပြင်းထန်တဲ့ အသုံးအနှုန်းတွေသုံးပြီး မေးခဲ့လိုက်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အထက်တန်းသူနာပြု မလဲ့လဲ့လွင်ကတော့ မြန်မာပြည်သူတွေနဲ့ စစ်အုပ်စု ဘယ်ဘက်ကိုရွေးမှာလဲလို့ မေးခွန်းထုတ်ခဲ့သလို ဂျပန်ကုမ္ပဏီဝန်ထမ်း မဆွေဆက်အေးကလည်း ဂျပန်အစိုးရရဲ့ မပြတ်သားမှုတွေကို စောင့်ရင်း အခုမြန်မာပြည်သူတွေ ၅၅၀ ကျော်ရဲ့အသက်တွေ ပေးဆပ်ခဲ့ရပါပြီ၊ ပြတ်သားစွာအရေးယူပေးဖို့ အချိန်ရောက်နေပါပြီလို့ တောင်းဆိုခဲ့ပါတယ်။

ဒီပွဲကို ဂျပန်အခြေစိုက် Honan Right Now ဂျပန်ရှေ့နေကြီးများအဖွဲ့က ဦးဆောင်ကျင်းပပေးခဲ့တာဖြစ်ပြီး တက်ရောက်လာတဲ့ နို င်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ အပါအဝင် ဂျပန်အစိုးရကိုယ်စာလှယ်တွေက သူတို့အနေနဲ့ အခုတင်ပြတဲ့အချက်အလက်တွေကို စုစည်းပြီး အမြန်ဆုံးအကြောင်းပြန်ပါမယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013